Home
မြန်မာသတင်း
သဲတောမြို့ မီးရထားဘူတာပန်းခြံထဲက နားနေဆောင်တွင် အမျိုးသား ၁ ဦးသေဆုံးနေ
DVB
·
June 4, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ မီးရထားဘူတာပန်းခြံထဲရှိ နားနေဆောင်မှာ အမျိုးသား ၁ ဦးသေဆုံးနေတာ တွေ့ရတယ်လို့ သဲတောမြို့အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ "ရေသန့်ဘူးခွံတွေကောက်ပြီး ရောင်းလို့ရတဲ့ငွေလေးနဲ့ ဝယ်စားတယ် အရက်လည်း သောက်တတ်တယ်။ ကလေးတယောက်က ဖုန်းဆက်အကြောင်းကြားတယ်၊ ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး" လို့ ပြောပါတယ်။ သဲတောမြို့ ဘူတာပန်းခြံထဲမှာ သေဆုံးနေသူ ဦးမောင်ဆန်း (၆၈နှစ်) ဟာ သဲတောမြို့ အမှတ် ၃ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတကျောင်းရဲ့ ထင်းများထားတဲ့ အဆောက်အဦထဲမှာ နေထိုင်ပါတယ်။  ဝမ်းတွင်းမြို့နယ်မှာ ဧပြီ ၁၇ ရက်က မြေတိုင်ကန်ရွာအဝင်အနီးမှာ အမည်မသိ အမျိုးသား ၁ဦး လမ်းလျှောက်လာရင်း သေဆုံးခဲ့ပါတယ်။ မေလ ၂၂ ရက်က လျှော်ပင်ရွာမှာ ရေစည်လှည်း တွန်းရင်း အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။ အခုသေဆုံးသူ အမျိုးသားရောဆို ၂၀၂၀ ခုနှစ်ထဲမှာ လမ်းဘေးသေဆုံးသူ ၃ ဦးရှိပြီဖြစ်ပါတယ်။ ဝမ်းတွင်းမြို့မစခန်း စခန်းမှူး ဒုရဲမှူးတင်ဝင်းက "ဝမ်းတွင်းဆေးရုံပို့ပြီး ခွဲစိပ်စစ်ဆေးပါတယ်။ လောလောဆယ်တော့ အာဟာရချို့တဲ့ပြီး သေဆုံးတယ် ယူဆတယ်။ ပိန်တာကလည်း ဗိုက်နဲ့ကြော ကပ်နေတယ်တောင် ထင်ရတယ်။ ဘုန်းကြီးကျောင်းကို ပြန်မလာတာ ၁၀ ရက်လောက်ရှိပြီလို့ ပြောကြတယ်။ လမ်းဘေးမှာနေ၊ လမ်းဘေးမှာအိပ် လုပ်နေရင်း သေဆုံးသွားတယ်လို့ သိရတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးမောင်ဆန်း သေဆုံးတာဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် (၈/၂၀၂၀) ဖြင့် အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024