ခိုင်ဟာဗက်ဇ်ကို ပြင်သစ်ဂန္ထဝင်ဇီဒန်းနှင့် ခိုင်းနှိုင်း

656
လီဗာကူဆင်ကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ပြင်သစ်ဂန္ထဝင်ကစားသမား ဇီဒန်းလို ခြေစွမ်း ရှိသူလို့ အသင်းနည်းပြက ချီးကျူးလိုက်ပါတယ်။
ဂျာမနီလက်ရွေးစင် ခိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြသနေပြီး စုစုပေါင်း ၁၅ ဂိုး သွင်းယူထားပါတယ်။
ခိုင်ဟာဗက်ဇ်ရဲ့ လူပ်ရှားမှုတွေဟာ အလွန်ပါးနပ်ပြီး ဘောလုံးပေးပို့မှု စွမ်းရည်ဟာလည်း ထူးချွန်တာကြောင့် ဇီဒန်းရဲ့ကစားပုံနဲ့ ဆင်တူတယ်လို့ လီဗာကူဆင်လက်ထောက်နည်းပြ မာကယ်ဒမ်းက ပြောပါတယ်။
လေ့ကျင့်ရေးကွင်းမှာ နေ့စဉ် မြင်တွေ့နေရတာကြောင့် အပြင်ကလူတွေထက် သူ့အကြောင်း ပိုသိကြောင်း၊ ဂျာမနီအကောင်းဆုံးကစားသမားလို့ မပြောလိုပေမယ့် ခိုင်ဟာဗက်ဇ်မှာ ဇီဒန်းရဲ့ ခြေစွမ်းမျိုး ရှိနေတယ်လို့ လီဗာကူဆင်လက်ထောက်နည်းပြက ချီးကျူးပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ ဟာဗက်ဇ်ဟာ လီဗာကူဆင် အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူနေပြီး ကွင်းလယ်တိုက်စစ်နေရာမှာ အကောင်းဆုံး ခြေစွမ်းပြသနေပါတယ်။