မန်ယူနည်းပြကြီး ဖာဂူဆန် အနားယူပြီ

ဖာဂူဆန်က “အနားယူဖို့ ဆုံးဖြတ်လိုက်တာက ကျနော့်အတွက် အကောင်းဆုံး စဉ်းစားမှု တခုပါ။ အခုအချိန်က အနားယူဖို့အတွက် အချိန်အခါကောင်းလည်း ဖြစ်တယ်” လို့ မန်ယူအသင်းပိုင် ၀က်ဘ်ဆိုက်ကနေ ပြောဆိုလိုက်ပါတယ်။
ဖာဂူဆန်အနေနဲ့ မန်ယူအသင်း အောင်မြင်နေတဲ့ အချိန်မှာ ရုတ်တရက်အနားယူသွားတာနဲ့ ပတ်သက်ပြီး ၀ါရင့်အားကစားကလောင်ရှင် ဆရာဦးခင်မောင်ထွေး (ပျဉ်းမနား) က “တခုက မန်ယူကို ၂၆ နှစ်လုံးလုံးကြီး ဒီအသင်းကြီးကို ကမ္ဘာကျော်အသင်း၊ အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်း၊ ဆုတွေအများဆုံးရတဲ့အသင်း ဖြစ်အောင် ရုန်းကန်ရတဲ့ နှစ်တွေကလည်း နည်းတဲ့နှစ်မဟုတ်ဘူးလေ။ အဲဒဏ်ကိုလည်း မခံနိုင်တော့ဘူးနဲ့ တူတယ်။” လို့ ပြောပါတယ်။
မန်ယူအသင်းနည်းပြကြီး ဖာဂူဆန်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ထွေးက အခုလို ပြောပါတယ်။
“မူကို သူက အသေဆုပ်ထားတာဗျ။ သူ နည်းပြတာ၊ လူဝယ်၊ လူရွေးတာ၊ နည်းပြ ကစားတဲ့စနစ်ကအစ။ သူ့အထက်မှာ ဘယ်သူမှမရှိစေရဘူး၊ နည်းပြအထက်မှာ ဘယ်သူမှမရှိစေရဘူး ဆိုတာ သူပြောဖူးပါတယ်။ ဘက်ခမ်းတို့ကိုလည်း အရေးယူခဲ့ဖူးသေးတာပဲ။ သူက ‘နိုင်ရမယ်၊ ငါလုပ်မယ် ဒီလိုပေါ’့။ ဘောလုံးဥက္ကဋ္ဌပြောတာနောက် လိုက်သလိုလို၊ ဘောလုံးသမားတွေသဘောထားနောက် လိုက်သလိုလိုဆိုတဲ့ စိတ်ဓာတ်မျိုး လုံးဝမရှိ။ သူလိုချင်တာကို ရအောင်လုပ်တယ်။ အဲလို စိတ်ဓာတ်။”
မန်ယူအသင်း အင်္ဂလန်မှာ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့တာဟာလည်း နည်းပြကြီး ဖာဂူဆန်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“မန်ယူအသင်း အောင်မြင်မှုတွေရလာတာ ဖာဂူဆန်ကြောင့်လို့ ပြောလို့ရလား ဆိုရင် ဟုတ်တယ်။ သူ့ဦးဆောင်မှုကြောင့်ပေါ့။ ဘောလုံးအသင်း တသင်းမှာက နည်းပြဘယ်လောက် ကောင်းကောင်း ဘောလုံးသမားတွေ ညံ့နေရင်လည်း မအောင်မြင်နိုင်ဘူးလေ။ ဖာဂူဆန်အနေနဲ့က အောင်မြင်ဖို့အတွက် ဘယ်လိုလူတွေ၊ ဘယ်လိုဘောလုံးသမားတွေနဲ့ သွားရမလဲဆိုတာ သူသိတယ်။ အဲလို လူတွေရွေးထုတ်နိုင်တယ်၊ ဆွဲခေါ်နိုင်တယ်။ ပါရမီလည်း ရှိတယ်။ ကောင်းတဲ့လူလည်း ရွေးနိုင်တယ်။ သူ့ဆီရောက်လာလို့ သူတင်ပေးလိုက်ရင် သူနဲ့တွဲလိုက်ရရင် ကလေးတွေဟာ တက်လာတာနဲ့ အရောင်တောက်လာမယ်ဆိုတာ သူရွေးတတ်တယ်။ အဲအရည်အချင်း သူ့မှာရှိတယ်။”
ဖာဂူဆန်ဟာ နည်းပြဘ၀ကနေ အနားယူလိုက်ပေမယ့် မန်ယူအသင်းမှာ ဒါရိုက်တာနဲ့ သံအမတ်အဖြစ် ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပွဲစဉ် မကုန်ခင်မှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စောစောစီးစီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လောလောဆယ် မန်ယူအသင်း နည်းပြ ရာထူးနေရာအတွက် အဲဗာတန် နည်းပြ ဒေးဗစ် မိုရက်စ်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုတို့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
မန်ယူနည်ျးပကြီး ဖာဂူဆန် အနားယူပြီ
ဒီဗီဘြီ
မန္ခ်က္စတာယူနိုက္တက်ဘောလုံးအသင်းရဲ့ အသက် ၇၁ နွစ်အရယြ် နည်ျးပကြီး ဖာဂူဆန္က ဒီနွစ် ဘောလုံးရာသီအကုန္မွာ နည်ျးပဘ၀ကနေ အနားယူတော့မယ္လို့ မန်ယူအသင်းရဲ့ ၀က္ဆိုက္ကနေ ဒီနေ့ ထုတ်ျပန်ကြေညာလိုက္ပါတယ်။
ဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၆ နွစ်ကြာ တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ္ဖလား ၁၃ ကြိမ်၊ အက္ဖ်အေဖလား ၅ ကြိမ်၊ ခ်န္ပီယံလိဂ် ဖလား ၂ ကြိမ်၊ လိဂ္ဖလား ၄ ကြိမ် အပါအ၀င် ဆုဖလားပေါင်း ၃၈ ခု ရယူ ပေးနိုင္ခဲ့ပါတယ်။
ဖာဂူဆန္က “အနားယူဖို့ ဆုံျးဖတ္လိုက္တာက က်နော့်အတကြ် အကောင်းဆုံး စဉ်းစားမှု တခုပါ။ အခုအခိန္က အနားယူဖို့အတကြ် အခိန်အခါကောင်းလည်ျးဖစ္တယ်” လို့ မန်ယူအသင်းပိုင် ၀က္ဘ္ဆိုက္ကနေျေပာဆိုလိုက္ပါတယ်။
ဖာဂူဆန်ဟာ နည်ျးပဘ၀ကနေ အနားယူလိုက်ပေမယ့် မန်ယူအသင်းမွာ ဒါရိုက္တာနဲ့ သံအမတ်အျဖစ် ဆက္လက် တာဝန်ယူသြားမျွာဖစ္ပါတယ်။ မန်ယူအသင်းဟာ ဒီနွစ်ဘောလုံးရာသီ ပြဲစဉ် မကုန္ခင္မွာပဲ ပရီးမီးယားလိဂ် ခ်န္ပီယံဆုကို စောစောစီးစီး သိမ်းပိုက်နိုင္ခဲ့ပါတယ်။
လောလောဆယ် မန်ယူအသင်း နည်ျးပ ရာထူးနေရာအတကြ် အဲဗာတန် နည်ျးပ ဒေးဗစ် မိုရက္စ္နဲ့ ရီးရဲလ္မက္ဒရစ် နည်ျးပ ဟိုဆေး မော်ရင်ဟိုတို့က ထိပ္ဆုံးက ရေပန်းစားနေပါတယ်။