မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်က ပြန်လာသည့် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးတွေ့ရှိ
DVB
·
June 4, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် တစ်ဦး စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဇွန် ၄ လရက်မနက်က ထုတ်ပြန်ပါတယ်။
အဆိုပါ လူနာသစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၆၈၄ ကို ဒီနေ့မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ် ဦးတွေ့ရှိခဲ့တာပါ။
ဇွန်လ ၄ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၂၃၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင် ပြန်ကောင်းလာသူ ၁၄၅ ဦးနဲ့ ဒီအထဲက ဆေးရုံမှ ဆင်းသွားသူ ၁၃၂ ဦးရှိပါတယ်။