ဩစတြေးလျတွင် တောတွင်းရှင်သန်နိုင်ရေးလေ့ကျင့် သင်တန်းပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူ့အဖွဲ့အစည်းအကြား အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားချိန်မှာ သြစတြေးလျနိုင်ငံမှာတော့ တောတွင်းမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ရေး သင်တန်းက အလုပ်ဖြစ်နေပါတယ်။ မဖြစ်မနေ တတ်မြောက်ထားရမယ့် ကျွမ်းကျင်မှုတရပ်အဖြစ် စခန်းသွင်းလေ့ကျင့်မှုအတွင်း ဆစ်ဒနီမြို့မြောက်ပိုင်း အင်ဂလီဆိုဒ်မြို့ ကုရင်ဂိုင် အမျိုးသားဥယျာဉ်ထဲမှာ အလယ်တန်းအဆင့် တောတွင်း ရှင်သန်ရေး ၃ ရက်ကြာ သင်တန်းကို လူကြီးတွေအပါအဝင် လူ ၁၁ ယောက် ပါဝင် လေ့ကျင့်နေတာပါ။ Bushcraft Survival Australia အဖွဲ့ရဲ့ အကြီးတန်းနည်းပြ ဂေါ်ဒွန်ဒဒ်မဲန်းကတော့ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ လူတွေကို သဘာဝနဲ့ အခန်းပြင်ပ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုတိုးစေတဲ့ အကြောင်းတွေထဲက တစ်ရပ်ပဲလို့ ပြောပါတယ်။ သူကတော့ သြစတြေးလျမြောက်ပိုင်း ဝေးလံသီခေါင်တဲ့ တောနက်ထဲမှာ နယ်စပ်ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖူးသူ စစ်တပ် အရန်တပ်ရင်းက ကင်းထောက်တပ်ဖွဲ့ဝင်နဲ့ သြစတြေးလျအနောက်မြောက်ပိုင်း ရွေ့လျားစစ်တပ်ရဲ့ ရှင်သန်ရေးနည်းပြလည်း ဖြစ်ပါတယ်။ သင်ရိုးထဲမှာ အခြေခံရှင်သန်ရေး စွမ်းရည်တွေအပြင် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုအပေါ် အမြင်တွေ ပညာတွေကိုပါ ထည့်သွင်း သင်ကြားပေးပါတယ်။ ယာယီတဲ ဆောက်တာ၊ မီးမွှေးတာ၊ နေနဲ့ ကြယ်တာရာတွေကို ကြည့်ပြီး လမ်းကြောင်းရှာတာ၊ စားလို့ရတဲ့ သစ်ပင်တွေကို ရှာတာ၊ အကူအညီတောင်းဖို့ အချက်ပြတာအပြင် ကြိုးထုံးချည်နည်း အမျိုးမျိုးကိုလည်း ၃ ရက် သင်ရိုးအတွင်း သင်တန်းသားတွေ သင်ယူကြရပါတယ်။ သင်တန်းသားတယောက်ကတော့ ကုန်တိုက်တွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အစဉ်အလာမှာ အမြစ်တွယ်နေမယ့်အစား ကပ်ဘေးအတွင်း တောထဲမှာ ရက်နည်းနည်း နေဖြစ်တာဟာ အဆိပ်ဖြေရသလို ခံစားရတယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up