Home
မြန်မာသတင်း
ဦးရဲမင်းဦးကို ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်
ဇေယျာချမ်းအေး
·
June 3, 2020
နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒီကနေ့ ဇွန်လ ၃ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် ဦးရဲမင်းဦးဟာ စီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်ခံခဲ့ရတာပါ။ ရန်ကုန်တိုင်း စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ ဦးရဲမင်းဦးကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဇွန်လ  ၂ ရက်နေ့ တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အဆိုပြုခဲ့တာပါ။ ဦးရဲမင်းဦးဟာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌတာဝန်ကို ၂၀၁၉ ဇန်နဝါရီမှာ စတင်ထမ်းဆောင်ခဲ့ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုဥက္ကဋ္ဌနဲ့ ဒုမြို့တော်ဝန် တာဝန်ကို ၂၀၁၉ ဇွန်လမှာ စတင်ထမ်းဆောင်ခဲ့သူပါ။ ဦးရဲမင်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုစီးပွားရေးကော်မတီနဲ့ ပြန်ကြားရေး ကော်မတီတို့မှာ ၂၀၁၃ ခုနှစ်မှာ လုပ်ကိုင်ခဲ့ပါတယ်။ ဘဏ်လုပ်ငန်းကို ကျွမ်းကျင်သူဖြစ်ပြီး ငွေကြေးနဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍတွေကို လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024