မန်ယူအသင်းတွင် ဆက်နေခွင့်ရသဖြင့် ကျေနပ်ပျော်ရွှင်မိဟု အီဂါလိုပြော

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ တိုက်စစ်မှူး အီဂါလိုက ပြောပါတယ်။  အီဂါလိုဟာ ဇွန်လအကုန်မှာ မန်ယူနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဆီ ပြန်သွားရဖို့ နီးစပ်ခဲ့တာပါ။ အဆုံးသတ်မှာတော့ ရှန်ဟိုင်းအသင်းက မန်ယူအသင်းနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အငှားစာချုပ်သက်တမ်းတိုးဖို့ ခွင့်ပြုပေးခဲ့တာပါ။ ယူနိုက်တက်မှာ ဆက်ကစားဖို့က အိပ်မက်တစ်ခုဖြစ်ပြီး အခက်အခဲတွေရှိခဲ့ပေမယ့် အသင်းမှာ ဆက်ရှိခွင့်ရလို့ ပျော်ရွှင်မိတယ်လို့ အီဂါလိုက ပြောပါတယ်။ ခြေစွမ်းကောင်းပြသနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နိုင်ပြီဖြစ်ပြီး မိမိရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တဲ့ ရှန်ဟိုင်းအသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာကို ကျေးဇူးတင်ကြောင်းလည်း အီဂါလိုက ပြောကြားခဲ့ပါတယ်။ အသက် ၃၀ ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုဟာ မန်ယူအသင်းနဲ့ ၈ ပွဲ ကစားခဲ့ရာမှာ ၄ ဂိုး သွင်းယူထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up