A d v e r t i s e m e n t With Us

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၆ နှစ် ထပ်တိုး

နေ​မျှိုး​ဇင်
ဧရာဝတီတိုင်း မအူပင်ထောင်မှာ အကျဉ်းကျခံနေရသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြည်ထဲရေးဝန်ကြီးဌာနက လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က ကြွေးကျန်အဖြစ် သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၆ နှစ်ကို ပြန်လည်ကျခံစေဖို့ မနေ့က အမိန့်ချမှတ်လိုက်ကြောင်း ဇနီးဖြစ်သူ ဒေါ်ဇင်မျိုးမော်က ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_20507" align="alignright" width="300" caption="​နေ​မျှိုး​ဇင်"][/caption] ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၀ ပြည့်နှစ်မှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။ လွှတ်ပေးစဉ်က နောက်နောင် ပြစ်မှု ကျူးလွန်ခြင်း မပြုပါ၊ ပြုပါက ကျန်ရစ် ထောင်ဒဏ်ကိုကျခံပါမည် ဆိုတဲ့ ပုဒ်မ ၄၀၁ ကို လက်မှတ်ရေးထိုးခဲ့လို့ လက်ကျန် ထောင်ဒဏ် ၆ နှစ် အမိန့်ချခံခဲ့ရတာလို့ သူက ရှင်းပြပါတယ်။ မကြာသေးခင်က ဧရာဝတီတိုင်း ပန်းတနော် လယ်သမားတွေအရေး ကူညီပေးရင်းနဲ့ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက ဦးနေမျိုးဇင်ကို  အကြည်ညို ပျက်စေမှုပုဒ်မနဲ့ ပန်းတနော်တရားရုံးမှာ  အမှုဖွင့် တရားစွဲခဲ့ပြီးနောက် မေ ၂ ရက်နေ့မှာ တရားရုံးကနေ ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင် ၃ လ ချမှတ်လိုက်တဲ့အပေါ် ဦးနေမျိုးဇင်က ဒဏ်ငွေမဆောင်ဘဲ ထောင်ဒဏ် ၃ လ ကျခံခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up