Homeမြန်မာသတင်း
ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူးဝါနယူးဂီနီတွင် ပိတ်မိနေသည့် မြန်မာ ၈၃ ဦး ရန်ကုန်ပြန်ရောက်
ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူးဝါနယူးဂီနီတွင် ပိတ်မိနေသည့် မြန်မာ ၈၃ ဦး ရန်ကုန်ပြန်ရောက်
DVB
·
June 2, 2020
ဩစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနဲ့ ပါပူးဝါနယူးဂီနီနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ဇွန် ၁ရက်နေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
မြန်မာနိုင်ငံသား ၈၃ ဦးကို ဆစ်ဒနီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာတဲ့ (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး (၂၁)ရက်တာ အသွား အလာ ကန့်သတ် စောင့်ကြပ် quarantine ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီ ရပ်ဆိုင်း ထားချိန် ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံတွေ့ နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ခဲ့ရာမှာ စုစုပေါင်း ၂၈၃၀ ဦး ရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOFA