Home
မြန်မာသတင်း
ထန်းတစ်ပင်မြို့နယ်တွင်  မသန်စွမ်း ကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံရ
အောင်သူ
·
June 1, 2020
ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ  မသန်းစွမ်းကလေးငယ် တယောက်ကို မိခင်မအားလို့ စောင့်ကြည့်ပေးတဲ့ အသက် ၂၇ နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ယောက်က မေလ ၂၉ ရက် ည ၇ နာရီမှာ လိင်ပိုင်းဆိုင်ကျူးလွန်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ညီမဖြစ်သူရဲ့နေအိမ်ကိုသွားနေတဲ့ အမေဖြစ်သူက ကလေးငယ်ရဲ့ဟော်ဟစ်ငိုသံကြားလို့ လေးခန်းတွဲ ငှားရမ်းနေထိုင်နေတဲ့ နေအိမ်ကိုပြန်လာစဉ်မှာ အမေပျောက်လို့ ကလေးက အော်ငိုနေတာလို့ ကျူးလွန်သူအမျိုးသားက  ပြောဆိုပြီးအိမ်အပြင်ကို ထွက်သွားကြောင်း ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ ကလေးကိုထမင်းကျွေးချိန်မှာ ဘောင်းဘီအတွင်း သွေးစွန်းနေတာကို မြင်တွေ့ပြီး မသင်္ကာလို့ မေးမြန်းကြည့်ရာမှ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရကြောင်း သိရှိတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲစခန်းကိုတိုင်ထားပြီး ကျူးလွန်သူလို့ စွပ်စွဲထားခံရတဲ့ အမျိုးသားကို  ပုဒ်မ ၃၇၆/၃၇၇ နဲ့ အမှုဖွင့်ထားပါတယ်။  အခုကိစ္စကို လူကယ်ပြန်ဝန်ကြီးဌာန၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို တိုင်ကြားစာပေးပို့သွားဖို့ရှိတယ်လို့လည်း  မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ဒီဗွီဘီကိုပြောပါတယ်။ သူတို့အသင်းအနေနဲ့ အခုအမှုကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူနိုင်ရေး ကလေးငယ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်လည်ပြု ပြင်နိုင်ရေးတွေအတွက် ကူညီဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024