တရုတ်ကို မြန်မာ့ပို့ကုန်တင်ပို့မှု သိသိသာသာ ကျဆင်း
ခွန်ဇော်ဦး
·
June 1, 2020
ကိုဗစ်-၁၉ ကို အကြောင်းပြုပြီး တရုတ်နိုင်ငံဘက်က စည်းကမ်းကန့်သတ်ချက်တွေ များနေတာကြောင့် မြန်မာနိုင်ငံရဲ့ပို့ကုန်ဟာ သိသိသာသာကျဆင်းသွားတယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ စတင်တွေ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ကုန်တင်ယာဉ်တွေကို စည်းကမ်းအမျိုးမျိုးတင်းကြပ် လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်ဟာ သိသိသာသာကျဆင်းသွားတယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်းကြီး ဦးစိုးညွန့်လွင်ကပြောပါတယ်။
နေ့စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၅ သန်းလောက် ကုန်သွယ်မှုလုပ်နေတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာတော့ ကိုဗစ်-၁၉ ကာလအတွင်း သုံးပုံတစ်ပုံလောက် ကုန်သွယ်ရေး ကျဆင်းသွားတယ်လို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မွေးမြူရေးနဲ့ စိုက်ပျိုး ထွက်ကုန်တွေ အဓိကတင်ပိုပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက်က စည်းကမ်းတင်းကြပ်မှုတွေကြောင့် အချိန်ကြန့်ကြာမှုတွေဖြစ်ပြီး သစ်သီးဝလံတွေ ပုပ်ကုန်တာတွေရှိပါတယ်။
ဒါ့ကြောင့် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ထိခိုက်နစ်နာမှုတွေ ရှိနေတာပါ။
ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ရှမ်းပြည်အစိုးရက တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးထားတယ်လို့ ရှမ်းပြည်နယ် စီမံ/ စီးပွားရေးဝန်ကြီးက ဆိုပါတယ်။