Home
မြန်မာသတင်း
 ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းရန်ဆွေးနွေး
DVB
·
June 1, 2020
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှ ရုပ်သိမ်းဖို့အဆိုကို ဒီကနေ့ ဇွန်လ ၁ ရက်က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့  မေ ၂၈ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းခဲ့တဲ့ ကိစ္စ ဆွေးနွေးခဲ့ကြတာပါ။ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ-၁၁၅ အရ ပြည်သူ့လွှ တ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတစ်ပုံဖြစ်တဲ့  ၁၁၀ ဦးက လက်မှတ်ရေးထိုးပြီး မေ ၂၇  ရက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ထံသို့ တင်သွင်းခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်လွှတ်တော်အမတ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဦးတီခွန်မြတ်ဟာ ၂၀၁၀နဲ့  ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုဝင်ပြိုင်အနိုင်ရခဲ့ပြီး  ကွတ်ခိုင်မဲဆန္ဒနယ်ရဲ့  ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့တာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့အခါ  ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။ Photo - Hein Htet / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024