ရာမို့စ်၏စိတ်ဓာတ်အား မကြိုက်သဖြင့် ရီးရဲလ်ကို မပြောင်းဟု လီဗာပူးက အီလီယော့ ပြော

အသင်းခေါင်းဆောင် ရာမို့စ်ရဲ့ လုပ်ရပ်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ လီဗာပူးလူငယ်ကစားသမား အီလီယော့က ပြောပါတယ်။  အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ တိုက်စစ်ကစားသမား အီလီယော့ဟာ လီဗာပူးမှာ ခြေစွမ်းပြ နေတာကြောင့် ထိပ်တန်းကလပ်တွေနဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်နေတာပါ။  အဲဒီအသင်းတွေထဲမှာ ရီးရဲလ်အသင်းလည်း ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်နေပြီး ရီးရဲလ်နဲ့ အပြောင်းအရွှေ့ ကိစ္စအကြောင်း ပြောကြားရာမှာ အီလီယော့က ငြင်ဆန်ခဲ့တာပါ။  ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆာလာကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့  နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ် အသင်းမှာရှိနေတာကြောင့် အသင်းပြောင်းရွှေ့လိုခြင်း မရှိတာလို့ အီလီယော့က ပြောပါတယ်။  အီလီယော့ဟာ အမ်ကေဒွန်းနဲ့ ကစားခဲ့တဲ့ အခုနှစ် လိဂ်ဖလားပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး အသက်အငယ်ဆုံး လီဗာပူးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up