Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားဖမ်းဆီးရမိ
DVB
·
June 1, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က နေအိမ်တအိမ်မှာ   မေလ ၃၁ ရက်နေ့က  ကျပ်သိန်းပေါင်း ၄၈၇၅၀ ကျော်တန်ဖိုးရှိ  စိတ်ကြွဆေးပြားပေါင်း  ၂၄ သိန်းကျော်နဲ့ အတူ ပစ္စတိုသေနတ် တစ်လက်ပါ ဖမ်းမိတယ်လို့  မောင်တောမြို့နယ် ရဲစခန်းက သိရပါတယ်။ မောင်တောမြို့အခြေစိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)နဲ့ ပူးပေါင်းအဖွဲ့က မနေ့မနက် ၉ နာရီကျော်လောက်က  မောင်တောမြို့နယ်တောင်ပိုင်းရှိ ကန်သာယာ (အထက်)ကျေးရွာနေ  ဦးမောင်ရွှေသိန်းရဲ့နေအိမ်ကို သတင်းအရ ရှောင်တခင်ဝင်ရောက်ရှာဖွေစဉ် စိတ်ကြွဆေးပြားတွေနဲ့ ပစ္စတိုသေနတ် ဖမ်းဆီးရမိခဲ့တာပါ။  မောင်တောမြို့နယ်ရဲစခန်း တာဝန်ရှိ ရဲအရာရှိတစ်ဦးက "ကံသာယာရွာက ဦးမောင်ရွှေသိန်း နေအိမ်ကဖမ်းမိတာ။ WYနဲ့ R စာတမ်းပါ ဆေးပြားကသိန်း ၂၀ကျော် တယ်။ နောက် ပစ္စတိုသေနတ် တစ်လက်နဲ့ ငွေကျပ် ၄၉ သိန်း၊ ကား နှစ်စီး၊ ဆိုင်ကယ်  တစ် စီး သူမိန်းမနဲ့ သူနေအိမ်မှာ ရောက်နေတဲ့  လူ ၅ ဦးကိုပါဖမ်းဆီးနိုင်ခဲ့တယ်။ ဦးမောင်ရွှေသိန်းက ထွက်ပြေးလွတ်မြောက်နေသေးတယ်။ သူ့ကိုဖမ်းမိဖို့ကြိုးစားနေတယ်။"လို့ ပြောပါတယ်။ ဦးမောင်ရွှေသိန်း နေအိမ်မှာ ရပ်ထားတဲ့ YGN/9P-5603 နံပါတ်ပါ FORLAND ကားပေါ်မှာ အဝါရောင်ဆာလာအိတ်(၁၈) အိတ်နဲ့ထည့်ထားတဲ့  စိတ်ကြွဆေးပြားပေါင်း ၂၄၃၇၅၀၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၄၈၇၅၀ ဖိုး လောက်ဖမ်းမိခဲ့တာလို့လည်း ပြောပါတယ်။ ဒါ့အပြင် နေအိမ်အိပ်ခန်းအတွင်းရှိ ကော်ပုံးအတွင်းမှ Austria နိုင်ငံလုပ် GLOCK အမျိုးအစား ပစ္စတို တစ်လက်နဲ့ ကျည် ၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ  မသင်္ကာဖွယ်လက်ဝယ်တွေရှိသူတွေဖြစ်တဲ့  ဦးမောင်ရွှေသိန်းရဲ့ဇနီးဒေါ်ဦးမစိန်နဲ့အတူ သူ့ရဲ့ နေအိမ်မှာရောက်နေတဲ့ ကျော်မင်း၊ ဝင်းမြင့်အောင်၊ ချစ်ထူး၊ ကျော်ကျော်နိုင်တို့ ၅ ဦးအပြင် ထွက်ပြေးလွတ်မြောက်နေသူ ဦးမောင်ရွှေသိန်းနဲ့ ကားဒရိုင်ဘာ မောင်နိုင်စိုးတို့ကို   မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင်လှစ်အရေးယူထားပါတယ်။  ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ်ဦ မြို့မကညင်တန်း(အလယ်)ကျေးရွာရှိ မူးယစ်တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ)ဇော်ဝင်း ရဲ့နေအိမ်မှာ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ WY  စိတ်ကြွရူးသွပ်ဆေးပြားများ ၇၀၉၀၇၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024