ပြည်ပ လှုံ့ဆော်မှု လုံးဝ လက်မခံ
DVB
·
May 7, 2013
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲဖို့ အင်ဒိုနီးရှားနိုင်ငံက ဘာသာရေးဆရာတဦးက လှုံ့ဆော်တာကို လုံးဝ လက်မခံတဲ့အကြောင်း မြန်မာနိုင်ငံက အစ္စလာမ် ဘာသာရေးအဖွဲ့ ၄ ခု ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက မေ ၆ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကြေညာချက်ထဲမှာ အဖွဲ့ကြီးအနေနဲ့ အပြစ်မဲ့သူတွေကို အကြမ်းဖက် တိုက်ခိုက်မှု မှန်သမျှ ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံမှာ အစွန်းရောက်သူတွေက အစ္စလာမ်ဘာသာဝင်တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် ကူညီကာကွယ်စောင့်ရှောက်ပေးတဲ့ ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိနေတဲ့အကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ခုလိုအကြမ်းဖက်မှုမျိုး ထပ်မဖြစ်ဖို့ အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုထားသလို အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့နိုင်ငံက အစိုးရတွေကလည်း အဲဒီနိုင်ငံရောက်နေတဲ့ ဘယ်သာသာကိုးကွယ်သူမဆို မြန်မာနိုင်ငံသားမှန်သမျှကို ကာကွယ်ကူညီစောင့်ရှောက်ပေးဖို့ ပန်ကြားထားပါတယ်။