အီရန်လောင်စာဆီတင်သင်္ဘော ဗင်နီဇွဲလားသို့ ရောက်ရှိ၊ ယမန်နေ့မှစ၍ ဆီဆိုင်များတွင် ရောင်းချ

အီရန်နိုင်ငံက တင်ပို့လိုက်တဲ့လောင်စာဆီတွေကို တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ  ဗင်နီဇွဲလားကို စတင်ရောက်ရှိလာခဲ့ပြီး မေ ၃၀ ရက်မှာ ဓာတ်ဆီဆိုင်တွေမှာ စတင်ရောင်းချနေပါပြီ။  သမ္မတ မာဒူရိုကလည်း နိုင်ငံတွင်းမှာ နှစ် ၂၀ ကျော် အခမဲ့နီးပါးရောင်းချပေးတဲ့ ဓာတ်ဆီဈေး၊ လောင်စာဆီဈေးတွေ တက်တော့မယ်လို့ ပြောပါတယ်။ လက်လီအရောင်းပုံစံတွေမှာ အခမဲ့ခွဲတမ်းပေးတာနဲ့ နိုင်ငံတကာ ပေါက်ဈေးအတိုင်း ရောင်းချတာကို နှစ်မျိုးပေါင်းထားတဲ့စနစ် ကျင့်သုံးမှာပါ။  အီရန်က ပဉ္စမမြောက်ရေနံတင် သင်္ဘောကတော့ မေ ၃၁ မှာ ကာရစ်ဘီယံပင်လယ်ကတဆင့် ဗင်နီဇွဲလားရေပိုင်နက်ထဲကို ရောက်ရှိလာမယ်လို့ သိရပါတယ်။  ဗင်နီဇွဲလားမှာ မတ်လက လော့ဒေါင်းချထားကတည်းက ဓာတ်ဆီဆိုင် ၁၈၀၀ မှာ ၂၄၀ ကို ဆက်လက်ဖွင့်ထားခဲ့တာလို့ ရိုက်တာသတင်းက ရေးပါတယ်။  တနိုင်ငံလုံးမှာ လာမယ့်ရက်ပိုင်းအတွင်း ဆီဆိုင် ၁၅၀၀ ကျော်ပြန်ဖွင့်ဖို့ မျှော်လင့်ထားပြီး ကားတွေ မော်တော်ဆိုင်ကယ်တွေအတွက် လစဉ်အချိုးကျကိုတာလည်း ရရှိဦးမှာပါ။ ဈေးနှုန်းတက်မယ်ဆိုပေမဲ့ ခွဲတမ်းထောက်ပံ့မှုအရ ယာဉ်တစီး ဆီအပြည့်ဖြည့်ဖို့ ကုန်ကျ ငွေက ၁ ဒေါ်လာလောက်ပဲ ရှိမယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up