အယ်လီဂရီ ပြည်ပကလပ်တသင်းကို တာဝန်ယူရန် ပြင်ဆင်နေဟု ကတ်ဂလီယာရီဥက္ကဋ္ဌပြော

အီတလီနည်းပြ အယ်လီဂရီဟာ နိုင်ငံခြားကလပ်တသင်းကို ကိုင်တွယ်ဖို့ ရည်မှန်းထားတယ်လို့ ကတ်ဂလီယာရီအသင်းဥက္ကဋ္ဌက ပြောလိုက်ပါတယ်။  အီတလီကလပ် ကတ်ဂလီယာရီအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အသင်းလက်မဲ့ဖြစ်နေတဲ့ အယ်လီဂရီကို နည်းပြချုပ်အဖြစ် တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။  နည်းပြအယ်လီဂရီက ကမ်းလှမ်းချက်ကို ငြင်းဆန်သွားခဲ့ပြီး ပြည်ပကလပ်   အသင်းတသင်းမှာ သွားရောက်နည်းပြမှာလို့ ပြောခဲ့ကြောင်း ကတ်ဂလီယာရီဥက္ကဋ္ဌ ဂယ်လီနီ ကပြောပါတယ်။  အသက် ၅၂ နှစ်ရှိ နည်းပြ အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းမှာ ၅ နှစ်ကြာတာဝန်ယူခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။  ဂျူဗင်တပ်အသင်းကို ဆုဖလားတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ်အထိ တက်ရောက်အောင်စွမ်းဆောင်ခဲ့တာကြောင့် ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာပါ။   ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ကလပ် မန်ယူ၊ စပါး၊ အာဆင်နယ်၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့နဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up