ဟောင်ကောင်ကိုပေးသည့် အထူးအခွင့်အရေးများ ဖယ်ရှားမည်ဟု အမေရိကန်သမ္မတပြော

1.5K
ဟောင်ကောင်ဒေသမှာ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဟောင်ကောင်ကို ပေးအပ်ထားတဲ့ အထူးအခွင့်အရေးတွေကို ဖယ်ရှားသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ဟောင်ကောင်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဟာ ကတိ ဖောက်ဖျက်ခဲ့တယ်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ထရမ့်က ပြောခဲ့တာပါ။
မေလ ၃၀ ရက်မှာတော့ မြောက်ကိုရီးယားက တရုတ်အစိုးရရဲ့ အမျိုးသားလုံခြုံရေး ဥပဒေ ပြဌာန်းရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံပြောဆိုတာကို နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ဟောင်ကောင်အရေးကိစ္စဟာ တရုတ်ပြည်တွင်းရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကမှ ဒီအရေးကိစ္စနဲ့ပတ်သက်လို့ ပြောဆိုခွင့် မရှိဘူးဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်ပြောဆိုတာကို ကိုးကားပြီး နိုင်ငံပိုင်သတင်း ဌာနက ထုတ်လွှင့်ခဲ့ပါတယ်။