WHO ဆက်ဆံရေး ရပ်မည်ဟု အမေရိကန်သမ္မတကြေညာ

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဆက်ဆံရေး ရပ်ဆိုင်းတော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။  အမေရိကန်ပြည်ထောင်စုဟာ WHO ကို ထည့်ဝင်မယ့်ရန်ပုံငွေတွေကို တခြားကမ္ဘာတဝန်း က ပြည်သူ့ကျန်းမာရေး လိုအပ်ချက်ရှိနေတဲ့ နေရာတွေကို လွှဲပြောင်းပေးသွားမယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။  ထရမ့်အစိုးရဟာ ဧပြီလလယ်ကတည်းက အမေရိကန်ပြည်ထောင်စုက ပေးနေတဲ့ WHO  ရန်ပုံငွေ အားလုံးကို အပြည့်အဝဖြတ်တောက်ပစ်မယ်လို့ ပြောခဲ့တာပါ။  WHO ဟာ ကိုဗစ်-၁၉ ကပ်ဘေးကို သေချာမကိုင်တွယ်နိုင်ဘူးလို့လည်း သမ္မတ ထရမ့်က  အပြစ်တင်ခဲ့တာပါ။  အမေရိကန်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဒသမ ၇ သန်း ကျော်ခဲ့ပြီး သေဆုံးသူကလည်း ၁ သိန်း ၄ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up