မွန်ပြည်နယ်တွင် Mask မတပ်သူများကို ဇွန် ၈ ရက်နေ့ စတင်အရေးယူမည်

မွန်ပြည်နယ်မှာ Mask မတပ်သူတွေကို ဇွန်လ ၈ ရက်နေ့ကစပြီး အရေးယူတော့မယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီလို အရေးယူဆောင်ရွက်ရာမှာ ဇွန် ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ပညာပေးကာလ ကျော်လွန်ရင် စတင်အရေးယူသွားဖို့ ရှိနေပါတယ်။ နေအိမ် အပြင်ထွက်သူတွေအနေနဲ့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းမရှိရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့အညီ ဒဏ်ငွေရိုက် အရေးယူသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဒဏ်ငွေရိုက် အရေးယူမယ့် ငွေပမာဏကို ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး အချိန် ၂ လကျော်အကြာမှ Mask မတတ်သူတွေကို အရေးယူဖို့ ပြင်ဆင်လာတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up