ကပ်ရောဂါထိန်းချုပ်ရေးပစ္စည်း မျှဝေအစီအစဉ် နိုင်ငံ ၃၀ ကျော်နှင့် WHO စတင်

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ထိန်းချုပ်ဖို့  ကာကွယ်ဆေး ၊ ကုသဆေးနဲ့ ရောဂါရှာဖွေရေးကိရိယာတွေကို  ဝေမျှဖို့ ရည်ရွယ်တဲ့ အစီအစဉ်တရပ်ကို  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ဦးဆောင်မှုနဲ့ မေလ ၂၉  ရက်က နိုင်ငံပေါင်း  ၃၀ ကျော်မှာ  စတင်လိုက်ပါတယ်။      ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးရှာတွေ့ရေး ရင်းမြစ်တွေ စုပုံအသုံးချနေချိန်မှာ    WHO  ရဲ့ ကြိုးပမ်းမှု ပေါ်ပေါက်လာပါ။ “သိပ္ပံပညာက လူသားတွေကို  ဖြေရှင်းချက်တွေပေးပြီး အားလုံးအတွက် ဖြေရှင်းဖို့ဆိုရင် စည်းလုံးညီညွတ်မှု လိုအပ်တယ်” လို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရိုက ပြောပါတယ်။ ကိုဗစ်-၁၉ ကုသရေး၊ နည်းပညာနဲ့ အချက်အလက်ဝေမျှရေးဘဏ်ကို နည်စည်းမတား ဆရာဝန်များ အပါအဝင် အဖွဲ့အစည်းတွေက ကြိုဆိုနေချိန်မှာ ဆေးဝါးထုတ်လုပ်ရေး မဟာ မိတ်တွေက အချက်အလက်ဝေမျှရေးဘဏ်ဟာ  တကယ်ပဲ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ပြီး  ကုသဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ရနိုင်မလားဆိုတာ မေးခွန်းထုတ်နေ ကြပါတယ်။ ကပ်ရောဂါ ကူးစက်ကာလအတွင်း သိပ္ပံဆိုင်ရာ အသိပညာ၊ အချက်အလက်နဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုအတွက် ရရှိနိုင်မယ့် ဘဏ်တခု တည်ထောင်ဖို့ကို ပြီးခဲ့တဲ့ မတ်လမှာ ကော်စတာရီကာ နိုင်ငံက အဆိုပြုခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up