Home
မြန်မာသတင်း
မွန်ပြည်နယ်အစိုးရ၏ ဖြည့်စွက်ဘတ်ဂျက် သန်း ၁ သောင်းကျော် လွှတ်တော် အတည်ပြု
DVB
·
May 30, 2020
မွန်ပြည်နယ် အစိုးရအဖွဲ့က တင်ပြတောင်းခံလာတဲ့ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁၀၀၀၀ ကျော်ကို မွန်ပြည်နယ်လွှတ်တော်က ဖြတ်တောက်ခြင်းမရှိဘဲ အတည်ပြုပေးခဲ့ပါတယ်။  အခုလို အတည်ပြုပေးတဲ့ လုပ်ငန်းစဉ်ကို မေလ ၂၉ ရက်က ကျင်းပတဲ့ လွှတ်တော်  အစည်းအဝေးမှာ လုပ်ဆောင်ခဲ့တာပါ။ အစိုးရအဖွဲ့က တင်ပြတောင်းခံလာတဲ့ ဘတ်ဂျက်ကို မွန်ပြည်နယ်လွှတ်တော်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ အကျေအလည်ဆွေးနွေးခဲပြီး အခုလို အတည်ပြုပေးခဲ့တာလို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲမယ့် ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေအနေနဲ့ သာမာန်အသုံးစရိတ်အတွက် ငွေကျပ်သန်း ၁၆၀၀ ကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ငွေကျပ် သန်း ၉၀၀၀ ကျော်၊ စုစုပေါင်း ကျပ်သန်း ၁၀၇၄၂ သန်းကို တင်ပြတောင်းခံခဲ့တာပါ။ ဒီဖြည့်စွက်ဘဏ္ဍာရန်ပုံငွေကို မွန်ပြည်နယ် အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာန၊ စည်ပင်သာယာရေးအဖွဲ့ အပါအဝင် ဌာန ၁၁ ခုမှာ သုံးစွဲသွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024