Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မလေးရှားကပြန်လာသည့်  ကိုဗစ်-၁၉ လူနာသစ်  ၁ ဦးထပ်တွေ့
DVB
·
May 29, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်က အသက် ၄၄ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ  သတင်းထုတ်ပြန်ပါတယ်။  အဆိုပါလူနာဟာ  မလေးရှားကပြန်လာသူဖြစ်ပြီး ပုသိမ်မြို့မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူ တစ်ဦးဖြစ်ပါတယ်။  အခုအသစ်တွေ့ရှိတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၂၀၇ ဟာ ဧရာဝတီတိုင်းဒေသကြီးမှာ ဒုတိယမြောက်တွေ့ရှိတဲ့ လူနာဖြစ်ပါတယ်။   ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က  မလေးရှားပြန် အမျိုးသားတစ်ဦးဖြစ်တဲ့ လူနာအမှတ် ၁၉၁ ဟာ ပုသိမ်တက္ကသိုလ်မှာ Facilities Quarantine ထားရှိစဉ် မေလ ၁၉ ရက်က ပိုးတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီကနေ့ အတွက် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ ၄၆၉ ခုနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ  ၉၂  ခု၊ စုစုပေါင်း  ၅၆၁ ခုအားကို  စစ်ဆေးရာမှာ လူနာသစ် တစ်ဦးတွေ့ရှိခဲ့တာပါ။ မေလ ၂၉ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၀၇ ဦး၊ သေဆုံးသူ ၆ ဦး ရှိပါတယ်။ လူနာဟောင်းတွေအထဲက  Case-78, 138, 145 နဲ့  168 တို့မှာ နှစ်ကြိမ်တိုင် ရောဂါထပ်မတွေ့တော့တဲ့အတွက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၃၀ ဦးရှိပြီး ဒီအထဲက ၁၂၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး  စောင့်ကြည့်လူနာအသစ် ၂၅ ဦး ရှိတယ်လို့ ကျန်းရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024