ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ Hotel Quarantine စဝင်
DVB
·
May 29, 2020
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် ကိုယ်စားလှယ်တွေ မေလ ၂၉ ရက် နေ့လည်ပိုင်းက စတင်ကာ သတ်မှတ်ထားတဲ့ ဟိုတယ်မှာ Quarantine စဝင်နေပြီး မေလ ၃၀ ရက်မှာ (swab) ဓာတ်ခွဲနမူနာရယူ စစ်ဆေးမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ဇွန် ၂ ရက်မှ ၉ ရက်အထိ တဆက်တည်းကျင်းပမှာဖြစ်ပြီး လွှတ်တော်နဲ့ ဟိုတယ်မှတပါး ပြင်ပသို့ ဝင်ထွက်သွားလာခွင့် မရှိဘူးလို့ သိရပါတယ်။ ဒီနေ့လွှတ်တော်သို့ စာရင်းပေးသတင်းပေးပို့ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၈၂ ဦး ရှိကြောင်း သိရပါတယ်။
လာမယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အပူချိန်တိုင်းစစ်ဆေးတာတွေနဲ့ လွှတ်တော်အမတ်တွေ ထိုင်မယ့် ထိုင်ခုံတွေကို ၆ ပေအကွာ ခြားထားပြီး လက်ဆေး ဘေစင်တွေလည်း ထားရှိတယ်လို့ သိရပါတယ်။
Photo - Ye Myo Khant / MPA