ကိုရီးယားမင်းသား လီဒေါင်ဂန် ဇနီးမောင်နှံ လက်ထပ်ပြီး ၃ နှစ်အကြာ ကွာရှင်းပြတ်စဲ (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ကိုရီးယားဆယ်လီမင်းသားမင်းသမီး ဇနီးမောင်နှံတွေ ဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသား လီဒေါင်ဂန်နဲ့ မင်းသမီး ဂျိုယွန်ဟီးတို့ဟာ လက်ထပ်ပြီး ၃ နှစ်အကြာမှာ ကွာရှင်း ပြတ်စဲလိုက်ကြပြီ ဖြစ်ပါတယ်။  သူတို့ ၂ ယောက်ဟာ KBS ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ The Gentlemen Of Wolgyesu Tailor Shop ရုပ်သံဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြရာမှတဆင့် ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။  အဲဒီသတင်းထွက်ချိန်မှာ မင်းသား လီဒေါင်ဂန်က နာမည်ကျော် အမျိုးသမီးကေ ပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ T-ara အဖွဲ့မှ အဆိုတော် ဂျီယွန်းနဲ့ လမ်းခွဲတာ သိပ်မကြာသေး ပါဘူး။ သူတို့ ၂ ယောက် ချစ်သူတွေဖြစ်ပြီး ၂ လ အ ကြာ ၂၀၁၇ မေလမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါ တယ်။ ခုလတ်တလော ကွာရှင်းပြတ်စဲမှုနဲ့ ပတ်သက်ပြီး မင်းသမီး ဂျိုရဲ့ အေဂျင်စီ King Kong By Starship က သူတို့စုံတွဲဟာ မေလ ၂၂ ရက်နေ့က ဆိုးလ်မြို့မိသားစုတရားရုံးမှာ ကွာရှင်းပြတ်စဲ လိုက်ကြပြီဖြစ်ကြောင်း သတင်းထုတ်ပြန်တာပါ။ “ခုလို ရုတ်တရက် သတင်းပေးရတဲ့အပေါ် သူတို့စုံတွဲရဲ့ အိမ်ထောင်ရေးအပေါ် ချီး ကျူးဂုဏ်ပြုခဲ့သူတွေအနေနဲ့ နားလည်ပေးနိုင်ဖို့ တောင်းဆိုချင်ပါတယ်။ ဂျိုယွန်ဟီးအနေ နဲ့ ပိုမိုကောင်းမွန်တဲ့ လှုပ်ရှားမှုတွေနဲ့ အနာဂတ်မှာ ဆက်ပြီးတော့ ရှိနေမှာဖြစ်ပါတယ်” အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားလီကလည်း သူ့ရဲ့ အေဂျင်စီ FNC Entertainment ကတဆင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစောင် ထုတ် ပြန်ခဲ့ပါတယ်။ “ပထမဆုံးအနေနဲ့ လီဒေါင်ဂန်ကို ချစ်ကြတဲ့ ပရိသတ်တွေကို ခုလိုသတင်းမျိုး အ သိပေးရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ လီဒေါင်ဂန်ဟာ လေးလေးနက်နက်ဆုံး ဖြတ်ခဲ့ပြီးနောက်မှာ ခုလိုကွာရှင်းလိုက်ဖို့ ဖြစ်လာခဲ့တာပါ။ အားလုံးကို တောင်းပန်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကြိုးစားမှုတွေနဲ့ သရုပ်ဆောင်မင်းသားတယောက်အနေနဲ့ ဆက်ရှိနေမှာပါ” အချိန်  ၃ နှစ်ကြာရှည်ခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ အိမ်ထောင်ရေးသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ သမီးလေးတယောက်ထွန်းကားခဲ့ပြီး ပြုစုစောင့်ရှောက်ခွင့်ကို တော့ အသက် ၃၇ နှစ်အရွယ် မိခင်မင်းသမီး ဂျိုက ရရှိခဲ့တယ်လို့ ကိုရီးယားဖျော်ဖြေရေး သတင်းဝက်ဆိုဒ် Dispatch က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up