Home
သတင်းဓာတ်ပုံ
ပုဏ္ဏားကျွန်း Quarantine Center နှင့် ပြည်သူ့ဆေးရုံတို့ကို ကာကွယ်ရေးပစ္စည်းများ လှူဒါန်း (ဓာတ်ပုံ)
DVB
·
May 29, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ Quarantine Center၊ ပြည်သူ့ဆေးရုံ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူမှုရေးအဖွဲ့စည်းတွေကို CDNH အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ ကွဲပြားခြားနားမှုနှင့်အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့ (CDNH) က PPE ဝတ်စုံ ၁၀၀၊ Mask ၃၀၀၊ Face Shied၊ medical Glove အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေကို  မေ ၂၈ ရက်မနက်ပိုင်းက လှူဒါန်းခဲ့တာပါ။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ Quarantine Center ၂ ခုနဲ့ စစ်ဘေးရှောင်စခန်း ၆ ခုရှိတယ်လို့ သိရပါတယ်။ Photo - Ingar Aung (khami) / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024