ဓာတ်ခွဲနမူနာ ၁၂၁၁ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့

ဓာတ်ခွဲနမူ ၁၂၁၁ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူန (၉၃၂ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၄၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော် ဆေးရုံကြီး ခုတင်-၁,၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၃၁ ခု၊ စုစုပေါင်း ၁,၂၁၁ အား စစ်ဆေးခဲ့ပြီး ရောဂါပိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၂၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅ သန်း ၉ သိန်းကျော်နဲ့ သေဆုံးသူ ၃ သိန်း ၆ သောင်းကျော်ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up