Live
Home
ရုပ်သံ
နွေကျောင်းပိတ်ရက် အလွမ်းဖွဲ့ တေးသံရှင် ပိုပိုသီချင်းသစ်-“Holiday”(ရုပ်သံ)
DVB
·
May 28, 2020
       “လက်ပြနှုတ်ဆက်ဖို့ ခက်နေပြီ… မင်းနဲ့ခွဲရဦးမည်… ငါတို့ကျောင်းပိတ်ပြီ… ခြေ လှမ်းများက လေးလံနေပြီ… နှုတ်ဆက်ချိန်ကိုရောက်ပြီ… တခါပြန်လွမ်းရဦးမည်… ခံ နိုင်ရည်မရှိဘူး… ရင်ထဲမှာ နွေလိုပူ… တူ တူ တူ တူ… တူတူတူတူတူ… ငါမုန်းတဲ့ နွေ… ငါမုန်းတဲ့ စနေ တနင်္ဂနွေ… မြန်မြန်ကုန်ပါစေ”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ပိုပိုရဲ့ သီချင်းသစ်တ ပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။        “Holiday”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး လင်းရာက ရေးစပ် ပေးထားတာဖြစ်ပြီး ပိုပိုနဲ့အတူ Drummer ကောင်လေး ဘုံဘုံတို့က အတူသရုပ်ဆောင် ထားခဲ့တာ ဖြစ်ပါတယ်။        “နွေ… ကျောင်းပိတ်ရက်တွေ… နွေကျောင်းပိတ်ရက်တွေ… လွမ်းနေပြီ အချစ်ရေ … စနေ ဉပုသ်နဲ့ တနင်္ဂနွေ… ဘယ်သူသတ်မှတ်ထားလဲဟေ့… အချိန်တွေ ကုန်ပါစေ”        ပိုပိုဟာ Underground တေးဂီတလောကမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးမှ ‘ချစ်ဖူးခဲ့သမျှ’ တကိုယ်တော်တေးအယ်လ်ဘမ်တချပ်တည်းနဲ့တင် ပရိသတ်လက်ခံ အားပေးမှု ရရှိခဲ့သူတဦးဖြစ်ပြီး ဒုတိယမြောက်တေးအယ်လ်ဘမ် ‘အလွမ်းသီ ချင်းကြိုက် တဲ့ ရေဒီယို’ တေးအယ်လ်ဘမ်အပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆို အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။        သူ့ရဲ့ သီချင်းတွေဟာ ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ သူ့ရဲ့ ပထမဆုံးသော တကိုယ်တော် တေးဂီတဖျော် ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပနိုင်ခဲ့တာပါ။        “ရုပ်ပျက်ဆင်းပျက် လွမ်းတဲ့ စနေနေ့တွေ… ခဏခဏ ငုတ်တုတ်မေ့ခဲ့ရတဲ့ တနင်္ဂ နွေ… ငါအိမ်မပိုင်တော့ ထွက်ဖို့ခက်… ကျောင်းပိတ်ရက်တွေ… ဘယ်သူလာပြီး သတ် မှတ်ထားလဲ… အဖြေရှာနေမိ… အားပဲအားနိုင်လွန်းတယ်… အားပဲ အားနိုင်လွန်းတယ် … Holiday တွေ ပြန်ရုတ်သိမ်း… Holiday တွေ ပြန်ရုတ်သိမ်း… များပြားလွန်းတဲ့ Holiday တွေ ပြန်ရုတ်သိမ်းပေး”        ကျောင်းပိတ်ရက် အငွေ့အသက်တွေနဲ့ ထုံမွှမ်းနေတဲ့ ဒီသီချင်းရုပ်သံကိုတော့ တေး သံရှင် ပိုပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် ပေါ်မှတဆင့် “ကျောင်းမှာ ချစ်သူကို အမြန်တွေ့ချင်နေသော အချစ်ကလေးတို့သာ Share ရန်”လို့ ရေးသားပြီး မျှဝေပေးထားခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024