A d v e r t i s e m e n t With Us

ဂျပန်နိုင်ငံ၏ အကြီးဆုံးဈေးဝယ်စင်တာတခုဖြစ်သည့် AEON Mall  ပြန်ဖွင့်

ဂျပန်အစိုးရက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ ပြန်ဖြေလျှော့ပေးပြီးနောက်  နိုင်ငံရဲ့ အကြီးဆုံးဈေးဝယ်စင်တာတွေထဲက တခုဖြစ်တဲ့ AEON Mall ကို ချီဘားစီရင်စုနယ်မှာ ပြန်ဖွင့်လှစ်လိုက်ပါတယ်။ မေလ ၂၈ ရက်မှာ ပြန်ဖွင့်ခဲ့တဲ့ ဒီဈေးဝယ်စင်တာကို တိုကျိုမြို့ပြဧရိယာမှာ ပါဝင်တဲ့ ချီဘား၊ ကာနာဂါဝါ၊ ဆိုက်တမ စီရင်စုတွေမှာ အရေးပေါ်အခြေအနေပြန်ရုပ်သိမ်းပေးခဲ့တဲ့အတိုင်း ဖွင့်လှစ်ခဲ့ တာပါ။  ဂျပန်အစိုးရဟာ တိုကျိုမြို့ပြဧရိယာတွေမှာ ဧပြီ လဆန်းက အရေးပေါ်အခြေအနေကြေညာထားတာကို ဒီအပတ်အစောပိုင်းကပဲ ပြန်ရုပ်သိမ်းခဲ့ပါတယ်။  ဈေးဝယ်သူတွေဟာ စင်တာမှာ သတ်မှတ်ထားတဲ့ လုံခြုံရေးစည်းမျဉ်းတွေနဲ့ အညီ ဝင်ရောက် ဈေးဝယ်ရမှာဖြစ်ပါတယ်။  ဂျပန်ဟာ မေလ ၂၇ ရက်မှာပဲ ကိုဗစ်နိုင်တင်း ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုကို ပြန်ကုစားနိုင်ဖို့  ဘဏ္ဍာရေးနှိုးဆွမှုအတွက် ဒေါ်လာ တစ်ဒဿမတစ် ထရီလီယံသုံးမယ်လို့ ကြေညာ ထားပါတယ်။  ဂျပန်မှာ ကိုဗစ်-၁၉အတည်ပြူလူနာ ၁၆၀၀၀ ကျော်ရှိပြီး သေဆုံးသူ‌ ၈၀၀ ကျော်ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up