Email This Story :
ပီရူးနိုင်ငံက ဆေးရုံတွေဟာ ကိုဗစ်-၁၉ လူနာတွေကို နေရာအလုံအလောက်မထားနိုင်လို့ တဲတွေနဲ့ထားနေရပြီး ကျန်းမာရေးစနစ် ပြိုလဲနေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။
အထူးကြပ်မတ်ကုသဆောင်တွေမှာ ခုတင်မရှိတော့လို့ လူနာတွေ နေ့တိုင်း သေဆုံးနေရတယ်လို့ ဒေါက်တာ ကားလို့စ် ကွန်ထရီရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
ဒီအတောအတွင်း နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ကျန်းမာရေးလုပ်သားတွေက သူတို့အတွက် ဖက်ဒရယ်အစိုးရကပေးတဲ့ ဆေးစစ်မှုနဲ့ အကာအကွယ်ဝတ်စုံ PPE တွေ မရလို့ ဆန္ဒပြနေပါတယ်။
ပီရူးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၃၅၀၀၀ ကျော်နဲ့ သေဆုံးသူက ၃၉၈၃ ဦးရှိတယ်လို့ သိရပါတယ်။