DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story မှုခင်း သတင်း

မူဆယ်တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ် ထိခိုက်ဆုံးရှုံးမှုမရှိ 

  • By နန်းမြနဒီ
  • 27 May 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့  စွမ်စော်ရပ်ကွက်ထဲမှာ မေလ ၂၆ ရက်  မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။ 

မူဆယ်မြို့ စွမ်စော်ရပ်ကွက် (၁) နဲ့ မန့်ဝိန်းနယ်မြေအကြား လမ်းသွယ် ၂ ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ စွမ်စော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းနွမ်သန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့တုန်းက မွန်းလွဲ ၁၂ နာရီခွဲကျော် ၁ နာရီထိုးခါနီးလောက်မှာ ပေါက်ကွဲသံကြားလို့ တာဝန်ရှိသူတွေနဲ့အတူ သွားကြည့်ခဲ့ပါတယ်ခင်ဗျ။  ပေါက်ကွဲသံက ၂ ခါ မရှေးမနှောင်းပဲ။ အဲဒီ တနေရာတည်းမှာ ဖြစ်တာပါ။ ကျနော်တို့ရပ်ကွက်နဲ့ မန့်ဝန်းနယ်မြေအစပ် သရက်ပင်ကြီး တစ်ပင်အောက်မှာ ပေါက်ကွဲသွားတာ။ မြေကြီးတွေဖွာထွက်သွားပြီး  ဖိုင်ဘာအပိုင်းအစတွေပဲ တွေ့တယ်။ ထိခိုက်ဒဏ်ရာရတာ ကြီးကြီးမားမားမရှိဘူး။ ဖြတ်သွားတဲ့ လူတစ်ယောက် သူ့ခေါင်းကို ဗုံးစနည်းနည်းမှန်တယ်။ ဆေးရုံသွားရတဲ့အထိ ဒဏ်ရာ မပြင်းဘူး။ အဲဒီနေရာက လူစည်ကားတဲ့ နေရာတော့မဟုတ်ပါဘူး။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့တော့နီးတယ်။ လူနေအိမ်တ ချို့လည်းရှိတယ်”

ဗုံးလာပစ်သွားသူဟာ ဘယ်သူလဲ၊ ဘာကြောင့်လဲဆိုတာတော့ မသိရကြောင်း၊ ပေါက်ကွဲမှုမဖြစ်ခင် ၁၅ မိနစ်အလိုလောက်က ဆိုင်ကယ်တစီး ဖြတ်သန်းသွားတာကိုတော့ လူတချို့က လှမ်းမြင်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် မူဆယ်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ တမြို့လုံးကို ပိုက်စိပ်တိုက်စစ်ဆေးခဲ့ပေမယ့် တရားခံကိုတော့ မမိသေးဘူးလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကတော့ မူဆယ် စွမ်စော်ရပ်ကွက်ထဲမှာ  အသံမိုင်း  ၂ လုံးပေါက်ကွဲတာလို့ ဖော်ပြပါတယ်။ 

ဒီဖြစ်စဉ်နဲ့ တစ်နေ့တည်း တချိန်တည်းလိုမှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်တစ်စီးပေါ်ကနေ လက်ပစ်ဗုံး ၄ လုံးဖမ်းဆီး ရမိတယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။ 

မူဆယ်မြို့နယ်ထဲမှာ ဒုစရိုက်ပြုလုပ်သောင်းကျန်းသူတွေ မခိုအောင်းနိုင်ရေးစီမံချက်အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး တရားမဝင်လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်နေရာမှာ မေ ၂၆ ရက် မွန်းလွဲပိုင်းက ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းပေါ်မှာ အဖြူရောင် Harrier ယာဉ်တစ်စီးရဲ့ နောက်ဖုံးအံဝှက်ထဲကနေ ဆွဲကြိုးလက်ပစ်ဗုံး ၂ လုံး ၊ MG 1 လက်ပစ်ဗုံး ၂ လုံးစစ်ဆေး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်းသူမှာ အသက် ၁၇ နှစ်ရွယ် လူငယ်တစ်ဦးဖြစ်ပြီး  MOON LIGHT KTV ဆိုင်က ဝန်ထမ်းဖြစ်တယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသတင်းမှာ ဖော်ပြပါတယ်။

မေလ ၁၁  ရက်ကလည်း မူဆယ်မြို့အဝင် OHC တိုးဂိတ်မှာ  ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တရားခံကို ရှာဖွေဖမ်း ဆီးနိုင်ခြင်းမရှိပါဘူး။

ဓာတ်ပုံ- MOI

Tags: OHCပေါက်ကွဲမှု ၂ ကြိမ်မူဆယ်

  • Previous story မာန်အောင်ကမ်းခြေရှိ သန္တာကျောက်တန်းများကို မချိုးဖဲ့ရေး ပညာပေးရန်လိုအပ်နေ 
  • Next story ပေါ့ဘာနှင့် ရက်ရှ်ဖို့ဒ်တို့ လေ့ကျင့်ခန်းဆင်းနိုင်နေပြီဟု မန်ယူနည်းပြဆိုးလ်ရှားပြော
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.