Home
မြန်မာသတင်း
ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိ
DVB
·
May 27, 2020
ကိုဗစ်ဓာတ်ခွဲနမူနာ ၆၀၀ ကျော်ကို  စစ်ဆေးရာမှာ အတည်ပြု လူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ မေလ ၂၇ ရက်မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၄၆၇) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၄) ခုနဲ့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊ စုစုပေါင်း (၆၄၂)ကို ဒီကနေ့မနက် အစောပိုင်းက  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် မတွေ့ရှိခဲ့တာပါ။ မနေ့ညကတော့ အိန္ဒိယနိုင်ငံက ပြန်လာသူ ၃ ဦးဖြစ်တဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မေလ ၂၇ ရက် ဒီနေ့မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၆ ဦး၊ သေဆုံးသူ ၆ ဦး ရောဂါပိုးကင်းစင်လာသူ ၁၂၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024