Email This Story :
အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့လို့ ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။
မိုဗစ်ဟာ ဆွီဒင်ကလပ် ဟမ်မာဘီအသင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် အခုလ အစောပိုင်းက အေစီမီလန်ဆီ ပြန်သွားပြီး လေ့ကျင့်ခန်းဆင်းခဲ့တာပါ။
လေ့ကျင့်ရေးကွင်းမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်ဖွယ်ရှိနေတာပါ။
အသက် ၃၈ နှစ်ရှိ မိုဗစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ၆ လ စာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။ အေစီမီလန်အသင်းဟာ လက်ကျန်ပွဲစဉ် ၁၂ ပွဲအလိုမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။