Home
မြန်မာသတင်း
မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၀ ကျော် ​​ဝင်​ရောက်
DVB
·
May 26, 2020
ထိုင်းနိုင်ငံကနေ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၀ ကျော်ဟာ မေ ၂၆ ရက် မနက်ပိုင်းက မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထပ်မံဝင်ရောက်လာတယ်လို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေး ခရိုင်အဆင့်ကော်မတီ(နာယက) ဦးသန့်ဇင်အောင်က ​ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကာလ နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်နဲ့ ညမထွက်ရအမိန့်တွေကြောင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုတဲ့ ရွေ့ပြောင်း လုပ်သားတွေအတွက် နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ပြန်လည်ပို့ဆောင်ပေးနေတာပါ။ COVID-19 ရောဂါကာကွယ်ထိန်ချုပ်၊ ကုသရေးခရိုင်အဆင့် ကော်မတီ(နာယက) ဦးသန့်ဇင်အောင်က "ပြန်လာမယ်ဆိုရင် မြန်မာပြည်သူများအနေနဲ့ သတင်းအချက်အလက်ကို ကြည့်ပါ။ အခက်အခဲရှိရင် မြန်မာသံရုံးကို ဆက်သွယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ နယ်စပ်ကို ဖြတ်တဲ့အခါမှာ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်မှာ ဖြစ်တယ်"လို့ ပြောပါတယ်။ အိမ်မဲမြို့က ရွေ့ပြောင်းလုပ်သား ကိုပိုင်ထက်ဇော်က"အခု နှစ်နိုင်ငံ အစီအစဉ်နဲ့ ဆိုတော့ ဘယ်ဂိတ်မှ စစ်ဆေးခွင့်မရှိတော့ဘူး။ ဒီရောဂါဖြစ်နေတဲ့ကာလမှာ မဖြစ်မနေ ပြန်မယ်ဆိုရင် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ပေးတဲ့ တရားဝင်လိုဟာက ပိုအဆင်ပြေတယ်"လို့ ပြောပါတယ်။ ပြန်လည်ဝင်ရောက်လာသူတွေဟာ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးကို စာရင်းပေးပို့ ထားသူတွေဖြစ်ပြီး ထိုင်းနိုင်ငံကနေ မော်တော်ယာဉ် ၂၂ စီးနဲ့ မဲဆောက်ကနေတဆင့် ပြန်လည်ဝင်ရောက်လာတာပါ။ နှစ်နိုင်ငံအစီအစဉ်နဲ့ မေ ၂၅ ရက်နေ့ ညနေ ၆ နာရီအထိ သီးခြားဝင်ရောက်လာမယ်သူ ၁၀၀၀ နီးပါးရှိမယ်လို့ တာဝန်ရှိသူက ခန့်မှန်းပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ရှိရာမှာ မေ ၂၃ ရက်နေ့အထိ တရားဝင် ဝင်ရောက်သူ ၁၅၀၀နီ နီးပါးနဲ့ သီးခြား ဝင်ရောက်သူ ၃၀၀၀ ကျော် ရှိပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024