Homeမြန်မာသတင်း
ကိုဗစ်-၁၉ လူနာများကို ဟိုက်ဒရော့ဇီ ကလိုရိုကွင်းငှက်ဖျားဆေးဖြင့် စမ်းသပ်မှု ခေတ္တဆိုင်းငံ့
ကိုဗစ်-၁၉ လူနာများကို ဟိုက်ဒရော့ဇီ ကလိုရိုကွင်းငှက်ဖျားဆေးဖြင့် စမ်းသပ်မှု ခေတ္တဆိုင်းငံ့
DVB
·
May 26, 2020
ဘေးအန္တရာယ်ဖြစ်မှာ စိုးရိမ်တာကြောင့် ကိုဗစ်-၁၉ လူနာတွေမှာ ငှက်ဖျားဆေး ဟိုက်ဒရော့ဇီ ကလိုရိုကွင်း စမ်းသပ်တာကို ခေတ္တဆိုင်းငံ့ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
ဟိုက်ဒရော့ဇီကလိုရိုကွင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တခြားသူတွေက ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းတဲ့ အလားအလာရှိ ဆေးအဖြစ် ညွှန်းဆိုနေတာပါ။
ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်တွေကို ပြန်သုံးသပ်နေချိန်မှာ ဟိုက်ဒရော့ဇီ ကလိုရိုကွင်း စမ်းသပ်တာကို ခေတ္တရပ်ဆိုင်းထားတယ်လို့ WHO အကြီးအကဲ ဒေါက်တာတက်ဒရိုက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကလိုရိုကွင်းကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုကလွဲပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကုသတာပဲဖြစ်ဖြစ်၊ ကာကွယ်တာပဲဖြစ်ဖြစ် မလုပ်ကြဖို့ WHO ဟာ အရင်တုန်းကတည်းက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်း ချက်ချင်းမဖြစ်ပေါ်စေဖို့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကြိုးပမ်းရမယ်လို့လည်း WHO အရေးပေါ် စီမံခန့်ခွဲမှုပရိုဂရမ်အကြီးအကဲ မိုက်ရိုင်ယန်က ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်သူအရေအတွက် ကျဆင်းစေဖို့ နိုင်ငံတွေအနေနဲ့ ပြည့်စုံကျယ်ပြန့်တဲ့ ဗျူဟာတွေ ချမှတ်ရမယ်လို့ မိုက်ရိုင်ယန်က ပြောပါတယ်။