အီဂါလိုကို သက်တမ်းတိုးရန် ယူနိုက်တက်၏ ကမ်းလှမ်းမှုကို ရှန်ဟိုင်းရှင်ဟွာအသင်း ပယ်ချ

ဓာတ်ပုံ - ရိုက်တာ
1K
မန်ယူအသင်းဟာ တိုက်စစ်မှူး အီဂါလိုကို သက်တမ်းတိုးလိုပေမယ့် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းက ပယ်ချလိုက်ပါတယ်။
အီဂါလိုဟာ ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ၆ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပွဲတွေကို ၃ လ နီးပါး ရပ်နားခဲ့ရပေမယ့် အီဂါလိုရဲ့ စာချုပ်သက်တမ်းက ဇွန်လအကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
အီဂါလိုဟာ ရှန်ဟိုင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး တပတ်လုပ်ခ ပေါင် ၄ သိန်းရရှိနေတာပါ။ ယူနိုက်တက်အသင်းက အငှားစာချုပ်အတွက် ပေါင် ၃ သန်းပေးချေခဲ့ပြီး အီဂါလိုကိုတော့ တပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ သာ ပေးချေထားတာ ဖြစ်ပါတယ်။
ရှန်ဟိုင်းအသင်းဟာ အီဂါလိုအတွက် ပေါင်သန်း ၂၀ ရရှိမယ်ဆိုရင် အပြီးသတ် ရောင်းချလိုပေမယ့် ယူနိုက်တက်အသင်းကတော့ အငှားစာချုပ်နဲ့သာ ဆက်လက်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။