စပိန် လာလီဂါပြိုင်ပွဲများ အမြန်ဆုံး ပြန်လည်ကျင်းပမည်

ကလပ်အသင်းတွေ လေ့ကျင့်ခန်းအပြည့်အ၀ဆင်းနိုင်မှုအပေါ် မူတည်ပြီး လာလီဂါပြိုင်ပွဲကို အမြန်ဆုံး ကျင်းပသွားမယ်လို့ လိဂ်ဥက္ကဋ္ဌ ဂျာဗီယာတက်ဘက်စ်က ပြောလိုက်ပါတယ်။ လာလီဂါပြိုင်ပွဲကို ဇွန်လအတွင်းမှာ ပြန်လည်စတင်ဖို့ စပိန်ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်ရရှိထားပါတယ်။ ကလပ်အသင်းတွေဘက်က အဖွဲ့ငယ်လေးတွေနဲ့သာ လေ့ကျင့်ခန်းဆင်းနေပြီး ကစားသမားအစုံအလင်နဲ့ လေ့ကျင့်နိုင်ခြင်း မရှိသေးပါဘူး။ ကလပ်အသင်းတွေရဲ့ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်မှု အခြေအနေအလိုက် အမြန်ဆုံး ပြန်လည်ကျင်းပမှာဖြစ်ပြီး ဇွန်လ ၁၁ ရက်မှာ ပထမဆုံးပွဲစဉ်တပွဲကို စတင်ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း လာလီဂါဥက္ကဋ္ဌ တက်ဘက်စ်က ပြောပါတယ်။  ဇွန်လ ၁၁ ရက်မှာ မကျင်းပနိုင်ဘူးဆိုရင် ၁၃ ရက် သို့မဟုတ် ၁၄ ရက် မှာ ပြန်လည် ကျင်းပဖို့ ကြိုးပမ်းမယ်လို့ လာလီဂါ ဥက္ကဋ္ဌက ပြောပါတယ်။  ဇွန်လ ၁၁ ရက်မှာ ကျင်းပနိုင်ခဲ့မယ်ဆိုရင်တော့ ဆီဗီလာနဲ့ ရီးရဲလ်ဘက်တစ် ပွဲနဲ့ စတင်မယ်လို့ သိရပါတယ်။  စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၈၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up