Home
မြန်မာသတင်း
မိုင်းထိခဲ့သည့် ဘူးသီးတောင်က မိန်းကလေးငယ် ဆေးကုသမှုခံယူရန် အကူညီလိုအပ်နေ
DVB
·
May 25, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာသို့ သရက်သီးသွားခူးစဉ် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးငယ်တဦး ဆေးကုသမှုခံယူဖို့ အကူအညီ လိုအပ်နေတယ်လို့ မိသားစုက ပြောပါတယ်။ မိန်းကလေးငယ်ရဲ့ဖခင်ဖြစ်သူ ဘော်ရှီးရာမောက်က “ဒဏ်ရာရလို့ အစိုးရက ငွေကျပ် ငါးသောင်း ထောက်ပံ့တယ်။ ICRC နဲ့ တခြား NGO အဖွဲ့တွေက ဘာထောက်ပံ့မှုမှမရှိပါဘူး။ မောင်တောမှာ ဆေးရုံလာတက်တော့ ဓာတ်မှန်ရိုက်ခ ငွေနှစ်သောင်းနဲ့ ဆေးဖိုးငွေ သုံးသောင်းကျော် ပေးလိုက်ရတယ်။ လိုက်ပါလာတဲ့ မိသားစုဝင်တွေ ထမင်းစားစရိတ် မပါသေးဘူး။ အခု ဆေးရုံကဆင်းပြီး ဘူးသီးတောင်ဆေးရုံမှာ တစ်ပတ် တစ်ကြိမ် ဆေးလာထည့်နေရတယ်။ သောက်ဆေးတွေကလည်း အပြင်ကနေ ဝယ်ရတယ်။ အလုပ်လည်း မလုပ်နိုင်တော့ သူများတွေဆီက ငွေချေးပြီး သမီးကို ဆေးကုနေရတယ်” လို့ ပြောပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ရှာကေခါဘေဘီဟာ  မေလ ၁၂ ရက် မနက် ၁၁ နာရီလောက်က တခြား ကလေးငယ် ၂ ဦးနဲ့အတူ သရက်ပြင်ရွာမှာ သရက်သီးသွားခူးစဉ် မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့လို့ သူ့ရဲ့ အဖော် ကလေးငယ် ၂ ဦး သေဆုံးသွားကာ သူကတော့ ညာဘက်လက်မောင်းနဲ့ ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့လို့  မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာပါ။ အခုအခါ မောင်တောဆေးရုံကနေ ဆင်းခွင့်ရပြီး  ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ နေထိုင်နေကာ တစ်ပတ်တစ်ကြိမ် ဘူးသီးတောင်ဆေးရုံသို့ လာရောက်ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကတော့ အခု မိုင်းနင်းလို့ သေတဲ့သူ ၂ ဦးကို တစ်ဦး ကျပ် ၃ သိန်းစီ ပေးထားပြီး ဒဏ်ရာရသူကို ကျပ် ၅ သောင်းပေးထားတယ်လို့  ပြောပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024