မုံရွာတွင် လေပြင်းတိုက်ခတ်
DVB
·
May 2, 2013
ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က မုံရွာမြို့မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းခဲ့တာကြောင့် သစ်ပင်ကြီးတွေပြိုလဲခဲ့ပြီး အပျက်အဆီး ဆုံးရှူံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ ဟယ်လိုဖုန်းဆိုင်ကမြို့ခံတဦးက “တမြို့လုံးတိုက်သွားတာ။ ဆိုင်ရှေ့က တမာပင်အကြီးကြီး လဲသွားတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ကယ်ရီ ၁ စီး သစ်ပင်ပိတယ်။” လို့ ဆိုပါတယ်။
[caption id="attachment_39035" align="alignleft" width="300" caption="(ဓာတ်ပုံ- အောင်နေမျိုး)"][/caption]
လေပြင်းနဲ့အတူ မိုးရွာခဲ့ပြီး မုံရွာမြို့ထဲက ဓာတ်တိုင် အတော်တော်များများ လဲကုန်တယ်လို့ မုံရွာမြို့က ကိုဇော်သူရိန်ထွန်းက ပြောပါတယ်။ လူအသေအပျောက်တော့ မကြားသေးဘဲ အပျက်အစီးတွေကို ကိုယ်ထူကိုယ်ထရှင်းလင်းနေကြတယ်လို့ ပြောပါတယ်။
“အိမ်တွေတော့ မြို့ပေါ်အိမ်တွေတော့ လိုက်ကြည့်ရသလောက် ပြိုတာ မတွေ့ဘူး။ အတွင်းပိုင်းကအိမ်တွေတော့ သစ်ပင်ပိတာ ရှိနိုင်တယ်။ ၃ နာရီ ၀န်းကျင်လောက်က စတိုက်တာ။ မိနစ် ၅၀ လောက်ကြာတယ်။ မိုးရွာရင်းနဲ့ လေပြင်းပါပါလာတာ။ လူအသေအပျောက်တော့ လောလောဆယ် မကြားသေးဘူး။ ကျနော်တို့ ရပ်ကွက်ထဲတော့ သစ်သားလွှာစက်ရုံ ၁ ရုံလုံးတော့ ပြိုကျသွားတယ်။ ဂျစ်ကား ၁ စီးသစ်ပင်ပိတယ်။ ကယ်ဆယ်ရေးကတော့ ကိုယ်ထူကိုယ်ထတော့ လုပ်နေတယ်။ လမ်းပေါ် သစ်ပင်တွေလဲကျတာများတယ်၊ လမ်းတွေပိတ်နေတော့ သစ်ပင်တွေ လွှတွေနဲ့ဖြတ်နေတယ်။”