အမေရိကန်တွင် ကိုဗစ်-၁၉ လူနာပေါင်း  ၁ သန်း ၆ သိန်းကျော်ရှိလာ 

ဓာတ်ပုံ-ရိုက်တာ
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာဦးရေဟာ မေလ ၂၄ ရက်မှာပဲ  ၁၆၄၀၀၀၀ အထိ မြင့်တက်လာပါတယ်။  ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ စာရင်းအရ သေဆုံးသူ အရေအတွက်ကလည်း ၉၇၀၀၀  ကျော် ဖြစ်လာတယ် ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ခံလူနာအများဆုံးနဲ့ သေဆုံးသူ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ဘရာဇီးနဲ့ ရုရှားက ဒုတိယနဲ့ တတိယ နေရာကနေ အသီးသီးလိုက်နေပါတယ် ။ ဘရာဇီးဟာ တောင်အမေရိကမှာရော ကမ္ဘာမှာပါ အမေရိကန် ပြည်ထောင်စုနောက် ဒုတိယ အထိခိုက်ဆုံးနိုင်ငံဖြစ်နေပြီး အတည်ပြလူနာ  ၃၆၀၀၀၀  ကျော်ရှိထားပါတယ်။ ရုရှားကလည်း တနင်္ဂနွေနေ့ တရက်ထဲမှာ အတည်ပြုလူနာ ၈၅၀၀ ကျော်တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up