ထိုင်းဂူတခုအတွင်း နှစ်ပေါင်း ၂၀၀၀ နှင့် ၃၀၀၀ သက်တမ်းရှိ ရှေးဟောင်းပန်းချီလက်ရာများ တွေ့ရှိ

ဓာတ်ပုံ-နေရှင်းထိုင်းလန်းဒေါ့ကွန်း
ထိုင်းနိုင်ငံက ဂူတခုတွင်းမှာ နှစ်ပေါင်း ၂၀၀၀ နဲ့ ၃၀၀၀ ကြား သက်တမ်းရှိတဲ့ ရှေး ဟောင်းပန်းချီလက်ရာတွေကို အခုလအတွင်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သည်နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ပန်းချီလက်ရာတွေကို ဆမ်ရွိုင်ယော့ထ် အဏ္ဏဝါအမျိုးသာ ဥယျာဉ်ထဲက ဂူတဂူထဲမှာ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ဥယျာဉ်တာဝန်ရှိသူတွေက တွေ့ရှိခဲ့ ကြတာပါ။ ရှေးဟောင်းသုတေသနပညာရှင် ခန်နီကာပရင်မ်ဂျိုင်ကတော့ ဒီပန်းချီတွေရဲ့ သက်တမ်းကို နှစ်ပေါင်း ၂၀၀၀ နဲ့ ၃၀၀၀ ကြားက ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တွေ့ရှိခဲ့ရတဲ့ ပန်းချီကားတွေဟာ ၃ ဒသမ ၈ မီတာ ဧရိယာအမြင့်၊ ၇ မီတာအရှည် ရှိပြီး  ပင်လယ်ရေမျက်နှာပြင်အထက် ခန့်မှန်းအမြင့် ၁၂၅ မီတာ၊ ၉ ဒသမ ၅ မီတာ အကျယ်ရှိတဲ့ ဂူရဲ့ နှုတ်ခမ်းစွန်းမှာ တည်ရှိနေတာပါ။ ပေါ့ထရိတ်ပန်းချီလက်ရာတွေအဖြစ် မြင်တွေ့ရတဲ့ အဆိုပါပန်းချီတွေထဲမှာတော့ သေးငယ်တဲ့ လက်ရာတွေရော၊ ကြီးမားတဲ့ လက်ရာတွေပါ တွေ့ရှိရပြီး တချို့ပုံတွေမှာ အ ဝတ်အစားဝတ်ဆင်ထားတဲ့ အမဲလိုက်သူတွေရဲ့ လေးကိုင်ထားဟန် ပုံရိပ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ “တချို့ပန်းချီပုံတွေက တော်တော် ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒါပေမယ့် တချို့လက်ရာတွေကတော့ ထုံးကျောက်တွေကြောင့် ပျက်စီးကုန်ပြီ ကျမတို့အနေနဲ့ ပိုပြီး တော့ ရှင်းလင်းတဲ့ သတင်းအချက်အလက်တွေရဖို့ ဆက်ကြိုးစားသွားမှာပါ”လို့ ခန်နီကာ က‌ ပြောပါတယ်။ ခုလက်ရှိ ပန်းချီလက်ရာတွေ တွေ့ရှိရာ ဒေသဟာ ရှေးခေတ်လူသားတွေ နေထိုင်ခဲ့ရာ သမိုင်းရင်းမြစ်တခုဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပြီး ရှေးဟောင်းသုတေသနအဖွဲ့ အနေနဲ့ အဲဒီဒေသတွင်း လိုဏ်ဂူ ၂၀ ထက်မနည်း စူးစမ်းလေ့လာမှုတွေကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။ ကိုးကား- The Nation Thailand

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up