ရုရှားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ သိန်းခွဲကျော်နှင့် ၁ ရက်အတွင်း သေဆုံးသူ ၉၂ ဦးရှိ

ဓာတ်ပုံ-ရိုက်တာ
ရုရှားနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၃ သိန်းခွဲကျော်သွားခဲ့ပြီဖြစ်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈,၉၄၆ ယောက်ထိ မြင့်တက်ခဲ့ ပြီးနောက် စုစုပေါင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၃၅၃,၄၂၇ ယောက် ရှိလာခဲ့တာလို့ ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်တုံ့ပြန်ရေးစင်တာက ပြောပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ တရက်အတွင်း ၉၂ ယောက်ထိ မြင့်တက်ခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူစုစုပေါင်း ၃,၆၃၃ ယောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၅,၅၁၃,၆၇၁ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၄၆,၈၆၈ ယောက်နဲ့ ပြန်လည်ပျောက်ကင်းသက်သာလာသူ ၂,၃၀၉,၂၉၁ ယောက် ရှိတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။ ရုရှားနိုင်ငံကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာ ဖြစ်ပြီး အမေရိကန်၊ ဘရာဇီးနိုင်ငံတွေရဲ့နောက် တတိယကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up