ဆုဖလားရရှိစေရန် ဟာဇက် ကူညီပေးနိုင်မည်ဟု ကော့တွိုက် ပြော

ဓာတ်ပုံ-ရိုက်တာ
1.1K
အသင်းဖော် ဟာဇက်ဟာ ဆုဖလားတွေရယူနိုင်ဖို့ အတွက် ကူညီပေးနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ဂိုးသမားကော့တွိုက်က ချီးကျူးလိုက်ပါတယ်။
ကော့တွိုက်နဲ့ဟာဇက်တို့ဟာ ဘယ်လ်ဂျီယံအသင်းဖော်တွေဖြစ်သလို အင်္ဂလန်ကလပ် ချဲလ်ဆီးမှာကတည်းက အတူတွဲဖက်ကစားခဲ့ကြသူတွေပါ။
ဟာဇက်ဟာ ချဲလ်ဆီးကနေ ပြောင်းရွှေ့ လာပြီးနောက် သူ့ရဲ့ပထမဆုံး ရာသီဝက်ကာလမှာပဲ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတာကြောင့် အသင်းကို ဆုဖလားရယူနိုင်ဖို့ ဟာဇက်က ကူညီနိုင်လိမ့်မယ်လို ကော့တွိုက်က ပြောပါတယ်။
ဟာဇက်ဆီမှာ စွမ်းဆောင်ရည်ကောင်းတွေ အများကြီးရှိပြီး အသင်းမှာ အရေးပါတဲ့ ကစားသမားတဦးဖြစ်တယ်လို့ ကော့တွိုက်က ချီးကျူးခဲ့ပါတယ်။
ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ၁၅ ပွဲကစားထားရာမှာ ၁ ဂိုးသွင်းယူထားပါတယ်။