
Lead Story ကျန်းမာရေး နိုင်ငံတကာ သတင်း အားကစား
ကစားသမား ၁ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိဟု ဘုန်းမောက် အတည်ပြု

Email This Story :
အသင်းရှိ ကစားသမားတဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တယ်လို့ ဘုန်းမောက်အသင်းက အတည်ပြုလိုက်ပါတယ်။
ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ မေ ၁၉၊ ၂၁ နဲ့ ၂၂ ရက်တွေမှာ ကလပ်အသင်းတွေက ကစားသမားနဲ့ ဝန်ထမ်းစုစုပေါင်း ၉၉၆ ဦးကို ဒုတိယအသုတ်အနေနဲ့ ဆက်လက်စစ်ဆေးခဲ့ပြီး အဲဒီ လူတွေထဲကနေ ၂ ဦး ပို့တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဘုန်းမောက်အသင်းကတော့ အဲဒီထဲက ၁ ဦးက အသင်းရဲ့ ကစားသမားတဦးဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး နာမည်ကိုတော့ ပြောပြနိုင်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီကစားသမားကို တပတ်ကြာ သီးသန့်ကုသစေမှာဖြစ်ပြီး တပတ်ပြည့်တဲ့အချိန်မှာ ဗိုင်းရပ်စ်ပိုးရှိမရှိ ပြန်လည်စစ်ဆေးသွားမယ်လို့ ဘုန်းမောက်အသင်းက ကြေညာခဲ့ပါတယ်။
အသင်းရှိ တခြားကစားသမားတွေကတော့ အစိုးရရဲ့ သတ်မှတ်ချက်နဲ့အညီ လုံခြုံစိတ်ချစွာနဲ့ လေ့ကျင့်ခန်း ဆက်ဆင်းမယ်လို့ ဆိုပါတယ်။