လွိုင်ကော်ရှိ ကိန္နရီကိန္နရာရုပ်တုတွင် တပ်ဆင်ထားသည့် Mask ဖြုတ်ချခံရ

လွိုင်ကော်မြို့ ကယားဒေးကွင်းအနီးရှိ ကိန္နရီကိန္နရာ မောင်နှံရုပ်တုမှာ မေလ ၂၄ ရက် မွန်းလွဲပိုင်းက နှာခေါင်းစည်း Mask တပ်ပြီး နာရီပိုင်းအကြာမှာ ပြန်ဖြုတ်ချ  ခံခဲ့ရပါတယ်။ ကိန္နရီကိန္နရာ မောင်နှံရုပ်တုမှာ Mask လာတပ်တာနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသန်းထွန်းက “အဲဒါကတော့ ဘယ်သူတွေ သွားတပ်ထားလည်း မသိဘူးပေါ့နော်။ ခဏနေ သွားကြည့်လိုက်ပါမယ်။ မသင့်တော်ဘူးဆိုရင်လည်း ဖယ်ပေးရမှာပေါ့။ ကျနော့်အမြင်အရဆို တပ်တဲ့သူတွေကလည်း လူတွေတောင် မဟုတ်ဘူး။ အရုပ်တောင် mask တပ်ရတယ်ဆိုတဲ့ပုံစံ ပညာပေးတဲ့သဘောမျိုး ဖြစ်ပါလိမ့်မယ်။”လို့ ပြောပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ရေးလူထုပညာပေးလှုပ်ရှားမှုတွေ နိုင်ငံအနှံ့ လုပ်ဆောင်နေချိန်မှာ ရှမ်းပြည်နယ်  ဖယ်ခုံမြို့ရှိ ကယန်းမယ်ရုပ်တုမှာ Mask တပ်ဆင်ပေးထားတာရှိခဲ့သလို လားရှိုးမြို့မှာလည်း ထင်းစည်းချိုးသားအဖ ပုံတူရုပ်တုကို  Mask တပ်ပေးတာ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up