ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်သူ ၅ ဒသမ ၄ သန်းကျော် ရှိပြီ

ဓာတ်ပုံ-ရိုက်တာ
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံအတည်ပြုလူနာဦးရေဟာ မေလ ၂၄ ရက်ညနေပိုင်းအထိ ၅ ဒသမ ၄ သန်း ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတချို့မှာ အသွားအလာကန့်သတ်တဲ့ လော့ဒေါင်းချထားတာတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်လာတာပါ။  တကမ္ဘာလုံးသေဆုံးသူအရေအတွက်ကလည်း ၃ သိန်း ၄ သောင်းကျော်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ထိခိုက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၁ဒသမ ၆ သန်း ကျော် ကူးစက်ခံထားရပြီး သေဆုံးသူကတော့ ၉ သောင်း ၈ ထောင်ကျော် ဖြစ်ပါတယ်။  နယူးယောက်ပြည်နယ်ဟာ အထိခိုက်ဆုံးဖြစ်ခဲ့ပေမဲ့ အခုတော့ နှစ်လကြာ လော့ဒေါင်းချပြီး  နောက် လူ ဆယ်ဦးအထိ စုဝေးခွင့်ကို ပြန်ပေးထားပါတယ်။  နယူးယောက်ပြည်နယ်နောက် ဒုတိယကပ်လိုက်နေတဲ့ နယူးဂျာဆီပြည်နယ်ကတော့ အတည်ပြု လူနာ ၁ သိန်းခွဲ ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up