မော်လမြိုင်တွင် မီးလောင်မှုကြောင့် နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး
DVB
·
May 24, 2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ မဟာမိတ်လမ်းမှာ မေ ၂၃ ရက်နေ့ ညဦးပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလင်းက DVB ကို ပြောပါတယ်။
ဒေါ်ဝင့်ဝါ နေအိမ်ရှိ နံရံကပ် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင် ဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း ၂ ထပ်အိမ် ၃ လုံး (ကာလတန်ဖိုး ငွေကျပ် ၉ သိန်းကျော်ဖိုး) ပျက်စီးဆုံးရှုံးခဲ့ကာ ဒဏ်ရာရသူ မရှိဘူးလို့ ဦးဇော်ရဲလင်းက ပြောပါတယ်။
မီးလောင်မှုကို မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့က လာရောက်ကြည့်ရှုသူတွေကြောင့် မီးငြှိမ်းသတ်ရာမှာ အခက်အခဲ ဖြစ်ခဲ့သလို လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီမီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၂ ဦးကို ဘေးပတ်ဝန်းကျင်က ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့နေရာချထားပါတယ်။
ဒီမီးလောင်မှု ဖြစ်စဉ်ကြောင့် ဒေါ်ဝင့်ဝါကို မော်လမြိုင်မြို့ရှိ ဒိုင်းဝန်းကွင်နယ်မြေရဲစခန်းမှာ မီးပေါ့ဆမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုအဖွင့် အရေးယူထားပါတယ်။