ဘရာဇီးတွင် ကိုရိုနာကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်

ဓာတ်ပုံ-ရိုက်တာ
1.1K
ဘရာဇီးနိုင်ငံမှာ ကိုဗစ်နိုင်တင်းအတည်ပြုလူနာဟာ ဒီနေ့မနက်ပိုင်းအထိ ၃ သိန်း ၄ သောင်းကျော်ရှိသွားတဲ့အတွက် ရုရှားကို ဖြတ်ကျော်ပြီး အမေရိကန်နောက်မှာ ကမ္ဘာ့ ဒုတိယမြောက်လူနာ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
ဘရာဇီးမှာ ပထမဆုံးအတည်ပြုလူနာကို မတ်လ ၁၇ ရက်မှာ တွေ့ခဲ့တာဖြစ်ပြီး မေလ ၂၂ ရက်မှာတော့ တရက်တည်း စံချိန်တင်နှုန်းအဖြစ် နှစ်သောင်းကျော် တွေ့ရှိခဲ့ပြီး ကိုဗစ်လူနာတွေထဲက ၁၀၀၀ ကျော်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း တောင်အမေရိကတိုက်ဟာ ကပ်ဘေးရဲ့ ဗဟိုချက် ဖြစ်လာတယ် သတိပေးထားပါတယ်။
Worldometers ဝက်ဆိုဒ်မှာ ဖော်ပြထားချက်အရ မေ ၂၄ ရက်နေ့မှာ လူနာသစ် ၁၇၁၅ ဦးနဲ့ သေဆုံးသူ ၁၅၂ ဦးရှိတယ်လို့ သိရပါတယ်။
ဘရာဇီးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃၄၉၁၁၃ ဦးနဲ့ သေဆုံးသူ ၂၂၁၆၅ ဦး ရှိတယ်လို့ သိရပါတယ်။