အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁ သိန်းကျော်ပြီဟု WHO ပြော

အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁ သိန်းကျော်ပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။  ဒါဟာ ပထမဆုံးအတည်ပြုလူနာကို လွန်ခဲ့တဲ့ ၁၄ ပတ်က စတင်တွေ့ရှိပြီးနောက် ဗိုင်းရပ်စ်ဟာ တတိုက်လုံးက နိုင်ငံတိုင်းကို ပြန့်ပွားနေပြီလို့ ဆိုလိုတာပါ။  WHO ရဲ့ စာရင်းအရ အာဖရိကမှာ COVID-19 ကြောင့် သေဆုံးသူကလည်း ၃၁၀၀ ကျော်ခဲ့ပြီလို့ သိရပါတယ်။  WHO က အာဖရိကရဲ့ အားလုံးရှိသမျှ နိုင်ငံတဝက်လောက်ဟာ လူထုကြား ဗိုင်းရပ်စ်ပြန့်ပွားမှု ဖြစ်နေတယ်လို့  ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  တောင်အမေရိကမှာ ဘရာဇီးနိုင်ငံက ထိခိုက်မှုအများဆုံး ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ အာဖရိကတတိုက်လုံးမှာ မေ ၂၂ ရက်နေ့အထိ COVID-19 အတည်ပြုလူနာဦးရေဟာ ၉၉၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up