Home
မြန်မာသတင်း
ပုသိမ်မြို့ အောင်သီရိစျေးအရှေ့ဘက်တွင် ပြန်ရောင်းခွင့်ပြုရန် ဈေးသည်များ တောင်းဆို
DVB
·
May 23, 2020
ဧရာဝတီတိုင်း ပုသိမ်မြို့၊ ကုသိနာရုံဘုရားဝင်း ယာယီစျေးမှာ ရောင်းချရတာ အခက်အခဲရှိတာကြောင့် မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ပြုဖို့ ဈေးသည်တွေက တောင်းဆိုလိုက်ပါတယ်။ အသီးအရွက်ရောင်းချသူ ဒေါ်လင်းလင်းက “အဲဒီနေရာမှာ အဆင်မပြေဘူး၊ အိမ်သာမရှိဘူး၊ နေတွေကလည်း ပူတယ်၊ ၇ နာရီ ၈ နာရီဆိုရင် နေတွေပူပြီး စျေးရောင်းချလို့ အဆင်မပြေပါဘူး။ အရောင်းအဝယ်က ဘယ်သူမှ မလာဘူး။ သားငါးစျေးက ဒီမှာကျန်ခဲ့အတွက်ကြောင့် ဟင်းရွက်ဟင်းသီးပဲ ရှိတဲ့အတွက်ကြောင့် လာဝယ်သူ မရှိပါဘူး” လို့ ပြောပါတယ်။ ပုသိမ်မြို့ အောင်သီရိစျေးအရှေ့ဘက်နေရာမှာ စျေးရောင်းချသူ ၈၀ ကျော်အား ကုသိနာရုံဘုရားဝင်းအတွင်း ယာယီစျေးလုပ်ပြီး ပြောင်းရွှေ့ နေရာချထားပေးခဲ့တာပါ။ အခုနောက်ပိုင်းတွင် ယာယီစျေးမှာ စျေးရောင်းချရတာ အဆင်မပြေတဲ့အတွက် မူလနေရာမှာ ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။ အခုရွှေ့ပေးထားတဲ့နေရာမှာ စျေးလာရောက်ဝယ်သူ နည်းတာကြောင့် မိသားစု စားဝတ်နေရေး ခက်ခဲလာတယ်လို့ စျေးရောင်းချသူ ဒေါ်ရူပက ပြောပါတယ်။  “ကျမတို့ ဒီမှာရောင်းလာတာ ၁၅ နှစ်ရှိသွားပြီး။ သင်္ကြန် ၁၃ ရက်နေ့က ပိတ်လိုက်တော့ ၁ လဖြစ်သွားတယ်။ ၁၆ ရက်နေ့ပြန်ဖွင့်လိုက်တော့ ကျမတို့ကို စည်ပင်က စျေးရောင်းချခွင့်မပြုရဆိုတော့ မိသားစု အခက်အခဲတွေ့နေရပါတယ် စားဝတ်နေရေးအတွက်။” ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးသက်နိုင်မျိုးက “စျေးဝယ်သူတွေက ဒီဘက်မှာ သားငါးဝယ်၊ ယာယီစျေးမှာ အသီးအရွက်ဝယ်ဖို့ မဖြစ်နိုင်တော့ စျေးအတွင်းမှာရှိ တဲ့ဆိုင်တွေက ဝယ်တာပဲရှိတော့ ယာယီစျေးက စျေးရောင်းချသူတွေ အခက်အခဲကို စာနာပါတယ်။  စျေးအပြင်ဘက်မှာ စျေးရောင်းချသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်” လို့ ပြောပါတယ်။ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပုသိမ်မြို့ အောင်သိရီစျေးအပြင်မှာ စျေးရောင်းချသူ ၈၀ ကျော်အား ကုသိနာရုံဘုရားဝင်းအတွင်း ယာယီရောင်းချနိုင်ဖို့ စည်ပင်သာယာရေးကော်မတီက ပြီးခဲ့တဲ့ ဧပြီလက လုပ်ဆောင်ပေးထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024